Pages

Wednesday, December 18, 2013

အာဖဂန်နစ္စတန်တွင် နေတိုး ရဟတ်ယာဉ်ပျက်ကျ ရာ အမေရိကန် တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး



၂၀၁၁ ခုနှစ် သြဂုတ်လ ၆ ရက် နေတိုးရဟတ်ယာဉ် ပျက်ကျခြင်းကြောင့် 
အမေရိကန် တပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့စဉ်က
NATO helicopter crashes in Afghanistan, kills 31 US troops (6-8-2011)

ကဘူး ၊ ၁၈-၁၂-၂၀၁၃

အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ကဘူးမြို့စွန် တစ်နေရာတွင် နေတိုး ရဟတ်ယာဉ် တစ်စင်း ယမန်နေ့ က ပျက်ကျခဲ့ရာ လိုက်ပါလာသူ များမှ အမေရိကန် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး တစ်ဦး အသက်ရှင် ကျန်ရစ်ကြောင်း နိုင်ငံတကာ လုံခြုံရေး အထောက် အကူပြု တပ်ဖွဲ့မှ ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ရဟတ်ယာဉ် ပျက်ကျခဲ့သော နေရာသည် ရန်သူ လှုပ်ရှားမှု မရှိသော နေရာ ဖြစ်နေ သောကြောင့် အင်ဂျင်စက် ချို့ယွင်းမှုဟု ယူဆရ သော်လည်း ရဟတ်ယာဉ် ပျက်ကျရသော အကြောင်းရင်း ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ နေတိုး ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ လှုပ်ရှားမှု ကာလအတွင်း ယခုကဲ့သို့ လူ အသေအပျောက် များသည့် မတော်တဆ ဖြစ်ပွားမှု မရှိခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ကြောင်း လည်း သိရဥည်။

လွန်ခဲ့သော ဆယ်စုနှစ် က မတော်တဆ ဖြစ်ပွားခြင်း ၊ ရန်သူ့ လက်နက် ထိမှန်ခြင်း တို့ကြောင့် နေတိုး ရဟတ်ယာဉ် အများအပြား ပျက်ကျခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် တာလီဘန် က Chinook ရဟတ်ယာဉ် တစ်စင်းကို ၀ါဒတ် ပြည်နယ်တွင် ပစ်ချခဲ့ရာ ၃၈ ဦး သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန် များဖြစ်သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ တွင် ရဟတ်ယာဉ် စက်ချို့ယွင်း ပျက်ကျ ခဲ့မှုကြောင့် အမေရိကန် ၇ ဦးနှင့် အာဖဂန် ၄ ဦး သေဆုံး ခဲ့သည်။ ယခု နောက်ဆုံး သေဆုံးမှု အပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း အာဖဂန်တွင် ကျဆုံးခဲ့သော အမေရိကန် တပ်ဖွဲ့ဝင် ၁၂၉ ဦး ရှိပြီ ဖြစ်သည်။

ယခုနှစ် အစောပိုင်းတွင် နိုင်ငံတကာ လုံခြုံရေး အထောက် အကူပြု တပ်ဖွဲ့က အာဖဂန်နစ္စတန် နိုင်ငံ လုံခြုံရေး ကို အာဖဂန် စစ်ဘက်အား လွှဲပြောင်း ပေးအပ် ခဲ့သော်လည်း တပ်ဖွဲ့ဝင် ၉၇၀၀၀ ခန့် အာဖဂန် မြေပေါ် ကျန်ရှိ နေသေးကြောင်း သိရသည်။

နိုင်ငံတကာ လုံခြုံရေး အထောက် အကူပြု တပ်ဖွဲ့တွင် နိုင်ငံ ၅၀ မှ ညွန့်ပေါင်း တပ်ဖွဲ့ဝင်များ ပါဝင်ပြီး လိုအပ်သည့် အချိန်တွင် စစ်ကူ ပေးနိုင်ရန် အမေရိကန် တပ်ဖွဲ့ဝင် ၆၈၀၀၀ လည်း ပါဝင်ကြောင်း သိရသည်။

၂၀၁၄ နှစ်ကုန်ပိုင်းတွင် တိုက်ခိုက်ရေး တပ်ဖွဲ့အားလုံး အာဖဂန် မြေမှ ထွက်ခွာမည် ဖြစ်ပြီး အာဖဂန် အစိုးရက အတည်ပြု ပေးသည့် လေ့ကျင့်ရေး နှင့် နည်းလမ်း သင်ကြား ပို့ချရေး တပ်ဖွဲ့အင်အား အနည်းငယ် ကိုသာ တာဝန် ချထားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment