Pages

Tuesday, December 17, 2013

ဘွဲ့လွန်ဒီပလိုမာ ( လေဆိပ်စီမံခန့်ခွဲမှု ) တစ်နှစ်သင်တန်း အတွက် လျှောက်လွှာခေါ်ယူ



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၃

မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် မှ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် တွင် ဖွင့်လှစ်မည့် ဘွဲ့လွန် ဒီပလိုမာ ( လေဆိပ် စီမံခန့်ခွဲမှု ) တစ်နှစ် သင်တန်း အတွက် လျှောက်လွှာများ ခေါ်ယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် B.E ( Aerospace/ Aeronutical ) ဘွဲ့ရရှိ သူများ ၊ B.E ( Mechanical / Electronic / Electrical Power / IT ) ဘွဲ့ ရရှိသူများ ၊ B.B.A / B.B.A ( Hons:) ဘွဲ့ ရရှိသူများ ၊ B.Com / B.Com ( Hons:) ဘွဲ့ ရရှိသူများ နှင့် လေဆိပ်တွင် အနည်းဆုံး (၃)နှစ် တာဝန် ထမ်းဆောင် ခဲ့ပြီး ဘွဲ့တစ်ခုခု ရရှိထား သူများ လျှောက်ထား နိုင်သည်ဟု သိရသည်။ 

ထို့အပြင် သင်တန်းသို့ စတင် တက်ရောက်သည့် ရက်တွင် အသက် ၃၅ နှစ်ထက် မကြီးသူ ဖြစ်ရမည် ဖြစ်ပြီး ၀န်ထမ်း ဖြစ်ပါက အသက် ၄၀ နှစ်ထက် မကြီးသူ ဖြစ်ရမည် ဟု သတ်မှတ် ထားသည်။

သင်တန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၆ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်း ကာလမှာ တစ်နှစ် ဖြစ်သည်။ သင်တန်းသို့ တက်ရောက်ရန် လျှောက်ထားသူ များသည် မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် မှ စစ်ဆေးမည့် သင်တန်း ၀င်ခွင့် အရည်အချင်းစစ် စာမေးပွဲ ဖြေဆို ရမည် ဖြစ်ပြီး ဖြေဆို အောင်မြင်သူ များကိုသာ တက်ရောက် ခွင့် ရရှိမည် ဖြစ်သည်။

ဝင်ခွင့် လျှောက်လွှာ များကို မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် ၊ မိတ္ထီလာမြို့ တွင် ထုတ်ယူ နိုင်ပြီး ဒီဇင်ဘာ ၂၇ ရက် နောက်ဆုံးထား ၍ လျှောက်ထား ရမည် ဖြစ်သည်။ သင်တန်း နှင့် ပတ်သက်၍  အသေးစိတ် သိရှိ လိုပါက မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် ၊ မိတ္ထီလာမြို့ ၊ ဖုန်း ၀၆၄- ၃၅၂ ၄၂ ၊ ၀၆၄- ၃၅၂ ၄၄ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

အင်တာနက်

No comments:

Post a Comment