Pages

Sunday, December 8, 2013

ငါးဖမ်းစက်လှေများပေါ်တွင် ရောင်းစားခံရသူများ အတွက် ထိုင်းနယ်စပ်ကမ်းခြေ ၁၇ ခုတွင် ပညာပေးစင်တာ ထားရှိမည်


ရန်ကုန် ၊ ၈-၁၂-၂၀၁၃

ထိုင်းနိုင်ငံ ငါးဖမ်း စက်လှေများ ပေါ်တွင် ရောင်းစားခံ နေရသော မြန်မာလူမျိုး များအတွက် ကာကွယ် ပေးနိုင်ရန် ထိုင်းနိုင်ငံ နယ်စပ် ကမ်းခြေ ၁၇ ခုတွင် ပညာပေး စင်တာများ ထားရှိ နေပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ရှေ့နေချုပ် ရုံး အလုပ်သမား မှုခင်းများကို ကိုင်တွယ် ဖြေရှင်းပေးသူ ညွှန်ကြားရေးမှူးချုပ် Mr. Wanchai Roujanavong ၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ ပညာပေး စင်တင်မှ ထိုင်းနိုင်ငံ ငါးဖမ်း စက်လှေများ ပေါ်တွင် ရောင်းစားခံ နေရသော မြန်မာ အမျိုးသား များအား သွားရောက် လုပ်ကိုင်သူများ စာချုပ် မှန်ကန်မှု နှင့် သွားရောက်မည့် အခြေအနေ များကို အသိပညာ ပေးသွားမည် ဖြစ်သည့်အပြင် ထိုင်းနိုင်ငံ၏ လူကုန်ကူးခြင်း ခံရသူများအား လ၀ကမှုဖြင့် အရေးယူ ဆောင်ရွက်ခြင်း ရှိရမည် ဆိုသည်မှာ လူကုန်ကူး တားဆီး နှိမ်နင်းရေး ဥပဒေတွင် ပါရှိပြီး မည်သည့် ပုဒ်မနှင့်မှ ဖမ်းဆီးခွင့် မရှိသည့် အတွက် သက်ဆိုင်ရာ သို့ တိုင်ကြား စေလိုကြောင်း ၄င်းက ဆိုသည်။

အဆိုပါ လူကုန်ကူး ခံရသူများအား တရားစီရင် နေစဉ်ကာလ အတွင်း နေရေးနှင့် စားရေးအပြင် ၄င်းတို့၏ ဘဝ ရပ်တည်ရေး အတွက် အလုပ်လုပ် ကိုင်လျှင် လိုအပ်သော လုပ်ငန်းများ၌ အလုပ်အကိုင် ပေးသွားရန် စီစဉ်ထား ကြောင်း နှင့် ကူညီ ကယ်ဆယ်ခြင်း လုပ်ငန်းများ ပြုလုပ်ရန် ထိုင်းကမ်းခြေ ၁၇ ခုတွင် စင်တာများ ဖွင့်လှစ် ပေးရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

လူကုန်ကူးခြင်း ခံရသူများ အနေဖြင့် မြ၀တီမြို့ ဖုန်း ၀၅၈- ၅၀၂၆၈ ၊ ၀၈၀- ၅၀၆ ၇၁၇၇ ၊ ၀၈၃- ၆၂၆၇ ၁၉၉ ၊ တာချီလိတ်မြို့ ဖုန်း-ဝ၈၄- ၅၃ဝ၂၂ ၊ ဝ၈၃- ၇၆၆ ၈၃၉၆ ၊ ဝ၈၆- ၄၆၂ ၄၆၄၆ နှင့် ကော့သောင်းမြို့ ဖုန်း ဝ၅၉- ၅၁၉၁၈ ၊ ဝ၉ဝ- ၁၅၈၈ ၃၆၄၆ ၊ ဝ၈၄- ၈၅၁ ၇၁၃၆ တို့သို့ ဆက်သွယ် အကူအညီ တောင်းခံ နိုင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (ဗဟို) ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။


No comments:

Post a Comment