Pages

Wednesday, December 4, 2013

မော်တော်ကားလမ်း ခုံးကျော်တံတားများ၏ ကောင်းကျိုးနှစ်ဖြာ


မော်တော်ကားလမ်း ခုံးကျော်တံတားများ၏ ကောင်းကျိုးနှစ်ဖြာ

အယ်ဒီတာ့အာဘော်
( ၄-၁၂-၂၀၁၃ )

ကမ္ဘာ့နိုင်ငံ အသီးသီး၌ လူဦးရေ ထူထပ်သော မြို့ကြီးများ ၊ မော်တော်ယာဉ် သွားလာမှု များပြားသော မြို့ကြီးများ နှင့် စက်မှုဇုန် တည်ရှိသော နေရာများတွင် လေထု ညစ်ညမ်းမှု များကြောင့် မြို့နေ လူထုသည် လေထု ညစ်ညမ်းမှု နှင့် ဆက်နွှယ်သော ရောဂါများ ခံစား နေကြ ရသည်။

သုတေသီ များ၏ လေ့လာ တွေ့ရှိချက် အရ လူတစ်ဦး အသက်ရှင်ရေး အတွက် လိုအပ်သော အောက်ဆီဂျင် ပမာဏမှာ ကျန်းမာရေး ကောင်းသော အမျိုးသား တစ်ဦးသည် အိပ်ပျော် နေစဉ်၌ တစ်နာရီ လျှင် အောက်ဆီဂျင် ပမာဏ သုည ဒသမ ၃၁ လီတာ ၊ သာမန် အချိန်တွင် သုည ဒသမ ၄၈ လီတာ နှင့် ပြင်းပြင်း ထန်ထန် လေ့ကျင့် ချိန်တွင် ၃ ဒသမ ၀၆ လီတာ လိုအပ်သည်။ ကျန်းမာရေး ကောင်းသော မိန်းကလေး တစ်ဦးသည် အိပ်ပျော် နေစဉ်၌ တစ်နာရီလျှင် အောက်ဆီဂျင် ပမာဏ သုည ဒသမ ၂၆ လီတာ ၊ သာမန် အချိန်တွင် သုည ဒသမ ၃၉ လီတာ နှင့် ပြင်းပြင်း ထန်ထန် လှုပ်ရှားချိန် တွင် ၂ ဒသမ ၇၃ လီတာ လိုအပ်ကြောင်း တွေ့ရ သည်။ ၄င်း လိုအပ်ချက် များသည် ခန္ဓာကိုယ် အလေးချိန် တစ်ကီလို ဂရမ် အတွက်သာ ဖြစ်သဖြင့် ခန္ဓာကိုယ် အလေးချိန် ကီလိုဂရမ် ၅၀ ( ပေါင် ၁၀၀ ) ရှိသူသည် ဖော်ပြခဲ့သော ပမာဏ၏ အဆ ၅ဝ လိုအပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မှ နယူးဒေလီ ကဲ့သို့သော မြို့ကြီး များတွင် ယာဉ်ကြော ပိတ်ဆို့မှု ကြောင့် မြို့တွင်း သွားလာ နေသည့် မော်တော်ယာဉ် များ ပျမ်းမျှ မောင်းနှင် နေကြသည့် နှုန်းသည် တစ်နာရီ လျှင် ကီလိုမီတာ ၂၀ ( ၁၂ မိုင် ) ထက်ပင် လျော့နည်းလျက် ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံရှိ မြို့ကြီးများ ၌ မော်တော်ယာဉ် များ၏ ပျမ်းမျှ မောင်းနှင် နေကြသည့် နှုန်းသည် တစ်နာရီ လျှင် ၅၅ ကီလိုမီတာ မှ ၇၅ ကီလိုမီတာ ( ၃၃မိုင် မှ
၄၅ မိုင်ခန့် ) ရှိကြောင်း သိရသည်။ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် မော်တော်ယာဉ် များက လေထု အတွင်းသို့ ညစ်ညမ်း ပစ္စည်းများ ထုတ်လွှတ်မှု သည် ယာဉ်ကြော ပိတ်ဆို့မှု မရှိသည့် အချိန်ထက် ၄ ဆမှ ၈ဆအထိ မြင့်တက် လာခြင်းကြောင့် လူဦးရေ ထူထပ်သော မြို့ကြီးများ တွင် နေထိုင် ကြသော ကလေးငယ်များ ၏ ၅ဝ ရာခိုင်နှုန်း ခန့်သည် ပန်းနာ ရင်ကျပ် ရောဂါခံစား နေကြရကြောင်း လေ့လာ တွေ့ရှိထား ကြသည်။ မော်တော်ယာဉ် အင်ဂျင် လည်ပတ် နေစဉ်တွင် ဆာလဖာ ဒိုင်အောက်ဆိုက် နှင့် ခဲအောက်ဆိုက် စသည့် ဓာတ်ငွေ့များ ထုတ်လွှတ်သည့် အပြင် မော်တော်ယာဉ် များ သွားလာမှု များသည်နှင့် အမျှ လေထု အတွင်းသို့ ဖုန်မှုန့်များ ရောက်ရှိ စေခြင်းတို့ကြောင့် လေထု ညစ်ညမ်းရခြင်း ဖြစ်သည်။

အာရှဒေသ မှ မြို့ကြီး များတွင် လေထု ညစ်ညမ်းမှု ဖြစ်စေသော ပစ္စည်းများ ၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် နှင့် ဆာလဖာ ဒိုင်အောက်ဆိုက် တို့၏ လေထုအတွင်း ပါဝင်မှုနှုန်း သည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) ၏ သတ်မှတ်ချက် ထက် လျော့မှု မရှိကြောင်း တွေ့ရပြီး လေထု ညစ်ညမ်းမှု ပစ္စည်း မျိုးစုံကြောင့် အရွယ်မတိုင်မီ သေဆုံးသူ နှစ်စဉ် လူပေါင်း ၅၃ဝဝဝဝ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ ဘုရင့်နောင် လမ်းဆုံ ခုံးကျော် တံတားကြီး ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင် ဖွင့်လှစ် နိုင်ခဲ့ပြီး ဗဟန်းမြို့နယ် ရှိ ရွှေဂုံတိုင် ခုံးကျော်တံတား ကို ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ် နိုင်ခဲ့သဖြင့် ယာဉ်ကြော ပိတ်ဆိုမှု သက်သာ သွားပြီ ဖြစ်သည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ ၏ သာဓက အရ မော်တော်ကားလမ်း ခုံးကျော် တံတားများ တည်ဆောက် ခြင်းသည် ခရီးလမ်း ဆက်သွယ်မှု လျင်မြန် စေပြီး ယာဉ်ကြော ပိတ်ဆို့မှု ကြောင့် ဖြစ်ပေါ်သော လေထု ညစ်ညမ်းမှုကို လျှော့ချ နိုင်သည့် အကျိုး ရရှိစေမည် ဖြစ်သည်။

သို့ဖြစ်၍ မော်တော်ကား လမ်း ခုံးကျော်တံတား များ ရေရှည် ကြံ့ခိုင် စေရန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့်အတူ ဒေသခံ ပြည်သူ များက ၀ိုင်းဝန်း ထိန်းသိမ်း ကြပါရန် တိုက်တွန်း နှိုးဆောင် လိုက်ရပါသည်။ ။


No comments:

Post a Comment