Pages

Friday, December 6, 2013

မလေးရှားနိုင်ငံတွင် ရေကြီးမှုကြောင့် နှစ်ဦးသေဆုံးပြီး လူပေါင်း ၃၈၀၀၀ ခန့် ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ခဲ့ရ



ကွာလာလမ်ပူ ၊ ၆-၁၂-၂၀၁၃

မလေးရှား နိုင်ငံတွင် ယခုသီတင်းပတ် အကုန်မှ စတင်၍ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ နိုင်ငံ အတွင်း ရေကြီးမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် လူနှစ်ဦး သေဆုံးပြီး အခြား နှစ်ဦး ပျောက်ဆုံးလျက် ရှိသည့်အပြင် လူ
ပေါင်း ၃၈ဝဝဝ ခန့်မှာ ကယ်ဆယ်ရေး စခန်းများတွင် ယာယီ တည်းခို နေရကြောင်း အာဏာပိုင် များက ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

နိုင်ငံ အရှေ့ပိုင်းရှိ ကမ်းရိုးတန်း ပြည်နယ် တစ်ခု ဖြစ်သည့် ပါဟန် ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် အသက် ၂၁ နှစ် အရွယ် အမျိုးသား တစ်ဦး သေဆုံး ခဲ့ပြီး ယင်းပြည်နယ် အတွင်းရှိ ပြည်သူ များမှာ ယခုအခါ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း နိုင်ငံပိုင် သတင်း အေဂျင်စီကြီး တစ်ခု ဖြစ်သည့် ဘာနာမား သတင်းဌာန က ပြောကြား ခဲ့သည်။

ယင်းပြည်နယ်၏ အနီးရှိ တေရန်ဂါနူ ပြည်နယ် အတွင်း၌လည်း ရေကြီးမှုကြောင့် တစ်ဦး သေဆုံးခဲ့ပြီး ပါဟန်ပြည်နယ် ရှိ အမျိုးသား တစ်ဦးနှင့် အသက် ၁၇ နှစ် အရွယ်ရှိ သားဖြစ်သူတို့ မှာ ပျောက်ဆုံး လျက်ရှိသည်။ ၄င်းတို့ နှစ်ဦးသည် နေအိမ်မှ ပစ္စည်းများကို သယ်ဆောင်ရန် ကြိုးပမ်းစဉ် ရေထဲသို့ ထိုးကျ ခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင် များက ယူဆ ထားသည်။

ဒေသအတွင်းရှိ ပြည်သူများ သည် ယမန်နေ့က ခါးအထိ မြင့်တက် နေသည့် ရေပြင်အတွင်း ၄င်းတို့၏ ပစ္စည်းများကို သယ်ဆောင်၍ ဖြတ်ကူး နေသည်ကို ရုပ်မြင်သံကြား က ပြသခဲ့ကြောင်း နှင့်ရေကြီးမှု ကြောင့် မော်တော်ယာဉ် များ နစ်မြုပ်လျက် ရှိကြောင်း သိရှိရသည်။ ယခုအခါ ရေဘေးဒဏ်သင့် ပြည်သူများကို အာဏာပိုင် များက လိုအပ်သည့် အကူအညီ များကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။






No comments:

Post a Comment