သန္တိသုခရသ
သောကမီးခဲ ၊ ရင်ထဲလောင်ကျွမ်း
ညှိုးနွမ်းစိတ်တွေ ၊ ပပျောက်စေမည့်
ဝေဒနာခပ်သိမ်း ၊ ကင်းပငြိမ်းလျက်
သူစိမ်းမဆန် ၊ ရင်ခုန်သံသည်
နက်ဖန်အတွက် ၊ မျှော်လင့်ချက်နှင့်
အသက်ရှည်ရေး ၊ ရည်ရွယ်တွေးပြီး
ပူဆွေးသောက ၊ ဗျာပါဒတို့
ကင်းပစေတာ ၊ သည်ကဗျာ ။
ကဗျာနှင့်ငါ ၊ ပျော်မွေ့ကာဖြင့်
ဘယ်ခါမခွဲ ၊ အဖော်ပဲလေ
အမြဲမကွာ ၊ လက်တွဲပါ၍
ကဗျာထဲမှာ ၊ အလှရှာသော်
သစ္စာလည်းရှိ ၊ အလှရှိ၏။
ရှိသည့်အလှ ၊ ရှာနေရလျှင်
သုခချမ်းသာ ၊ ပျော်မွေ့ရာတည့်
နေ့မှာညမှာ ၊ ခင်တွယ်ပါ၍
ပန်းပမာလိုပဲ ၊ ငါ့ရင်ထဲမှာ
အမြဲပွင့်လန်း ၊ ကဗျာပန်းသည်
လန်းလန်းလှလှ ၊ ပွင့်နေရလျှင်
သောကမီးခဲ ၊ အပူစဲပြီ
ငါ့ရင်ထဲမှာ ၊ ငြိမ်းချမ်း၏ ။ ။
ကျော်လွင်ဦး (ပျဉ်းမနား)
( ၂၀၁၄ ခုနှစ် ဇန်န၀ါရီလထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာကဏ္ဍမှ )
No comments:
Post a Comment