Pages

Monday, December 16, 2013

ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ကုမ္ပဏီများမှ လူနာတင်ယာဉ် (၃)စီးနှင့် ရေတွင်းတူးစက် (၂)စုံ ပေးအပ်လှူဒါန်း



တောင်ကြီး ၊ ၁၆-၁၂-၂ဝ၁၃

ရှမ်းပြည်နယ် အစိုးရအဖွဲ့ သို့ ဖြူစင် ကုမ္ပဏီ မှ ၂ဝ၁၃ 2013 Model TOYOTA  အမျိုးအစား လူနာ တင်ယာဉ် (၃)စီးနှင့်  အောင်ချမ်းသာ ကုမ္ပဏီ မှ DLX - 200 Hydraulic Drilling Rig အမျိုးအစား ရေတွင်း တူးစက် (၂)စုံ ပေးအပ် လှူဒါန်းပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့  မြို့တော်ခန်းမ ၌ ကျင်းပ ပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အမှာစကား ပြောကြားသည် ။ ဆက်လက်၍ ဖြူစင်ကုမ္ပဏီ နှင့် အောင်ချမ်းသာ ကုမ္ပဏီမှ တာဝန်ရှိ သူတို့က လူနာတင်ယာဉ် နှင့် ရေတွင်း တူးစက် လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည် ။

ထို့နောက် ဖြူစင်ကုမ္ပဏီ မှ တာဝန်ရှိ သူတို့က လူနာတင် ယာဉ်အား လွှဲပြောင်း ပေးအပ် လှူဒါန်းရာ  ညောင်ရွှေ မြို့နယ် ပြည်သူ့ဆေးရုံ အတွက် လူနာတင် ယာဉ်(၁)စီး ကို ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင် မှ လည်းကောင်း ၊ ပင်းတယ မြို့နယ် ပြည်သူ့ဆေးရုံ အတွက် လူနာတင် ယာဉ်(၁)စီး ကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကို မှ လည်းကောင်း ၊ တောင်ကြီးမြို့ အမျိုးသမီး နှင့် ကလေးဆေးရုံ အတွက် လူနာတင် ယာဉ်(၁)စီး ကို ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း မှ လည်းကောင်း လက်ခံ ရယူကြသည် ။ ဆက်လက်၍ အောင်ချမ်းသာ ကုမ္ပဏီမှ တာဝန်ရှိ သူများက ရေတွင်း တူးစက် (၂)စုံ ပေးအပ် လှူဒါန်းရာ ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း က လက်ခံ ရယူပြီး အလှူရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာ များ ပြန်လည် ပေးအပ် ခဲ့သည် ။ ထို့နောက် ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူများသည် ကုမ္ပဏီ များမှ လှူဒါန်းသော လူနာ တင်ယာဉ် နှင့် ရေတွင်းတူး စက်တို့ကို လှည့်လည် ကြည့်ရှု ကြသည် ။

အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ် တရားလွှတ်တော် တရား သူကြီးချုပ် ၊ ပြည်နယ် ဝန်ကြီးများ ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ အလှူရှင် ကုမ္ပဏီများ မှ တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရှိရသည်။







No comments:

Post a Comment