Pages

Monday, December 2, 2013

အက်စပရင်ဆေးသည် စိတ်ဖောက်ပြန်မှု နှင့် ကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီများ တွေ့ရှိ


လန်ဒန် ၊ ၂-၁၂-၂၀၁၃

အကိုက်အခဲ ပျောက်ဆေး တစ်မျိုးဖြစ်သည့် အက်စပရင် ဆေးသည် စိတ်ဖောက်ပြန် မှုနှင့် ကင်ဆာရောဂါ ကို ကာကွယ် ပေးနိုင်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား ခဲ့သည်ဟု သိရသည်။

အက်စပရင်ဆေး သည် နှလုံးရောဂါ နှင့် လေသင်တုန်းဖြတ် ခြင်းတို့ကို ကာကွယ် ပေးနိုင်ကြောင်း သုတေသီများက ယခင်က လေ့လာ တွေ့ရှိပြီး ဖြစ်သော်လည်း အသက် ၇ဝ အရွယ်ရှိ လူပေါင်း ၁၅ဝဝဝ ကျော် ပါဝင်သည့် လူနာများကို လေ့လာခဲ့ပြီး နောက်ပိုင်းတွင် ယင်းဆေးသည် သက်ကြီးရွယ်အို များတွင် စိတ်ဝေဒနာ နှင့် အချို့ ကင်ဆာရောဂါ များကို ကာကွယ် နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆေး သည် ဆေးဆိုင်များ တွင်ဆရာဝန်၏ ထောက်ခံချက် မလိုဘဲ အလွယ်တကူ ဖြင့်ဝယ်ယူနိုင် သောကြောင့် နှလုံးရောဂါ နှင့် လေသင်တုန်းဖြတ်ခြင်း ကို ကာကွယ် လိုသည့် သန်းပေါင်း များစွာသော လူများအတွက် အလွယ်တကူ ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ တက်စ်မေးနီးယား ကျွန်းရှိ ဟိုဘာ့တ်မင်ဇီး သုတေသန ဌာနမှ ပါမောက္ခ တစ်ဦးဖြစ်သူ မာ့ခ်နယ်ဆင် က ပြောကြား ထားသည်။

အက်စပရင်ဆေးသည် သွေးကြော ပိတ်ခြင်းကို ကာကွယ်ရာတွင် ထိရောက်မှုရှိပြီး လေသင်တုန်း ရောဂါ ဖြစ်ပွားမှုကို ၂၃ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်ကြောင်း သိပ္ပံ ပညာရှင် များ၏ ပြောကြားချက် အရ သိရသည်။ အလားတူ အဆိုပါ ဆေးဝါးသည် အထူးသဖြင့် အူမကင်ဆာ ကို တိုက်ဖျက်ရာ၌ အထောက်အကူ ပြုကြောင်း သုတေသီများက တွေ့ရှိခဲ့ပြီး ယင်းဆေးဝါး နှင့် စပ်လျဉ်း၍ လေ့လာမှု များကို လာမည့် နွေရာသီ၌ ပြုလုပ် သွားမည် ဖြစ်ကာ တွေ့ရှိချက် များကို ၂ဝ၁၈ ခုနှစ်တွင် ထုတ်ဖော် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။ သိပ္ပံပညာရှင် များသည် ၄င်းတို့၏ လေ့လာ တွေ့ရှိမှုကို Contem Porary Clinical Trial ဂျာနယ်တွင် လည်း ဖော်ပြခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment