Pages

Friday, December 27, 2013

တရုတ် - အာဆီယံ နှစ်သစ်ကူးပွဲတော်တွင် မြန်မာနိုင်ငံမှ အထူးထွက်ကုန် ပစ္စည်းများ ပြသရန် ဖိတ်ခေါ်


တရုတ် - အာဆီယံ နှစ်ကူးပွဲတော် ကျင်းပမည့် နန့်နင်းမြို့

ရန်ကုန် ၊ ၂၇-၁၂-၂၀၁၃

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှိကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ နန့်နင်းမြို့ China South City ရှိ China - ASEAN ပလာဇာတွင် တရုတ် - အာဆီယံ နှစ်သစ်ကူး ပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်န၀ါရီ ၃၀ ရက်အထိ ၃၄ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော် ကာလအတွင်း အာဆီယံ နိုင်ငံများ အနေဖြင့် မိမိတို့၏ အထူးထွက်ကုန် ပစ္စည်းများ ကို တစ်နိုင်ငံလျှင် ၃ ရက်ခန့်စီ မိတ်ဆက် ပြသမှုများကို အခမဲ့ ပြသခွင့် နှင့် ရောင်းချခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ နိုင်ငံ တစ်နိုင်ငံလျှင် ၃ ရက်ခန့်ဖြင့် ရက်အလိုက် သတ်မှတ် စီစဉ်ထားရာ မြန်မာနိုင်ငံ အတွက် ဇန်န၀ါရီ ၁၅ ရက်မှ ဇန်န၀ါရီ ၁၇ ရက် အထိ ပြသခွင့် ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ  ပြပွဲကို ပြုလုပ် ရခြင်းမှာ တရုတ်နိုင်ငံ သို့ အာဆီယံ နိုင်ငံမှ ထွက်ကုန်များ တင်သွင်းမှု ပိုမို တိုးမြှင့်နိုင်ရေး ၊ အာဆီယံ နိုင်ငံများမှ လုပ်ငန်းရှင် များ တရုတ်နိုင်ငံ ၏ ဈေးကွက် အခြေအနေ လေ့လာနိုင်ရေး နှင့် တရုတ် နိုင်ငံသားများ အာဆီယံ နိုင်ငံများမှ ထွက်ကုန်များ ကို ပိုမို သိရှိနိုင်ရေး တို့အတွက် ပြပွဲကို ကျင်းပ ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ မှ ပါဝင် ပြသ ရောင်းချရန် စိတ်ပါ ၀င်စားသည့် ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အနေဖြင့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၀န်ဆောင်မှု ဌာန ဖုန်း ၀၁ - ၂၁၄ ၃၄၄ - ၄၉ Ext - ၁၄၀ ၊ ၁၁၀ တို့သို့ စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment