Pages

Monday, December 9, 2013

လွှတ်တော်ကိုဖျက်သိမ်း၍ ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်းရေး နှင့် စပ်လျဉ်း၍ နိုင်ငံအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပရဖွယ်ရှိဟု ထိုင်းဝန်ကြီးချုပ် ပြောကြား


ဘန်ကောက် ၊ ၉-၁၂-၂၀၁၃

ထိုင်းနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တိုးမြှင့် ဖြစ်ပေါ်လျက် ရှိနေစဉ် လွှတ်တော်ကို ဖျက်သိမ်း၍ အတိုက်အခံများ တောင်းဆို ခဲ့သည့် ပြည်သူ့ကောင်စီ ကို အာဏာ လွှဲပေးရေး အတွက် လူထုဆန္ဒ ခံယူပွဲကို နိုင်ငံအတွင်း ကျင်းပရန် ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် က ယမန်နေ့တွင် အဆိုပြု ခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရသည် အောက် လွှတ်တော်ကို ဖျက်သိမ်း နိုင်ဖွယ်ရှိပြီး ရွေးကောက်ပွဲ တစ်ရပ်ကို ရက်ပေါင်း ၆ဝ အတွင်း ကျင်းပ သွားဖွယ် ရှိကြောင်း ၊ ထို့ပြင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင် တစ်ဦးနှင့် ယခင် ဒုတိယ ဝန်ကြီးချုပ်ဟောင်း တစ်ဦး ဖြစ်သူ ဆူသက် သောင်ဆူဘန် က တောင်းဆို ထားသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဆန္ဒ သဘောထားကို ရယူ သွားဖွယ် ရှိသည်ဟု ထိုင်းရုပ်သံ များက ကြေညာ ခဲ့သည်။

ဆူသက် နှင့် အခြား ဒီမိုကရက် ပါတီအမတ်များက ပြည်သူ့ကောင်စီ ကို အာဏာ လွှဲပြောင်းပေးရန် အစိုးရကို အစောပိုင်းက တောင်းဆို ခဲ့သည်။ ၄င်းတို့၏ တောင်းဆိုချက် ကို ပြည်သူများက သဘောတူ လက်ခံမည် ဆိုပါက အဆိုပါ ကောင်စီသည် ခေတ္တဝန်ကြီးချုပ် တစ်ဦးနှင့် အစိုးရ အဖွဲ့ကို ရွေးကောက် တင်မြှောက်ပြီး ၄င်းတို့ အနေဖြင့် နိုင်ငံ အုပ်ချုပ်ရေး ကို တာဝန်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများ၏ေ တာင်းဆိုချက် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ကိုက်ညီမှု မရှိသော်လည်း ယင်း တောင်းဆိုချက် သည် အရေးပါသည့် ကိစ္စရပ် တစ်ခုဖြစ် လာသောကြောင့် အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်သူ များကသာ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း နှင့် ပြည်သူများက တရားဝင် ရွေးကောက် တင်မြှောက် ထားခြင်း မရှိသည့် အဆိုပါ အစိုးရအဖွဲ့သည် ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံ၏ ပုံရိပ်ကို များစွာထိခိုက် စေမည် ဖြစ်ကြောင်း ရင်လပ်က ပြောကြား ခဲ့သည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များသည် ဒီဇင်ဘာ ၉ ရက်တွင် နောက်ဆုံးပိတ် ဆန္ဒပြပွဲကြီး တစ်ရပ်ကို ကျင်းပရန် စီစဉ်လျက်ရှိပြီး အဆိုပါ ဆန္ဒပြ ပွဲတွင်ပါဝင် ကြရန် တစ်နိုင်ငံလုံးမှ ပြည်သူများကို ဆူသက်က တောင်းဆို ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment