Pages

Sunday, November 3, 2013

Krosa တိုင်ဖွန်းမုန်တိုင်း တရုတ်နိုင်ငံ တောင်ပိုင်းသို့ ဝင်လာနိုင်


ပေကျင်း ၊ ၃-၁၁-၂ဝ၁၃

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ် အရှေ့ပိုင်းသို့မသျေ တိုင်ဖွန်း မုန်တိုင်း ဝင်လာနိုင်သည့် အတွက် အဆိုပါ ပြည်နယ်တွင် အဝါရောင် အဆင့် အရေးပေါ် သတိပေးချက် တစ်ရပ်ကို နိုဝင်ဘာ ၃ ရက်တွင် အမျိုးသား မိုးလေဝသ ဌာနက စတင် ထုတ်ပြန် ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ Krosa မုန်တိုင်းသည် ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ တွင် ၂၉ ကြိမ်မြောက် ဝင်ရောက် တိုက်ခတ် ခဲ့သည့် တိုင်ဖွန်း မုန်တိုင်း ဖြစ်ပြီး နိုဝင်ဘာ ၃ ရက် ဒေသ စံတော်ချိန် ည ၁ နာရီခန့် တွင် အင်အားပြင်း တိုင်ဖွန်း မုန်တိုင်း တစ်ခုအဖြစ် မှ အားလျော့သည့် တိုင်ဖွန်း မုန်တိုင်း တစ်ခုအဖြစ် သို့ ပြောင်းလဲ ခဲ့ကြောင်း ဟိုင်နန် ပြည်နယ် မိုးလေဝသ ဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။

၎င်းမုန်တိုင်း ဗဟိုချက်သည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခန့် တွင် ဟိုင်နန် ပြည်နယ် Wanning မြို့၏ အရှေ့မြောက် ဘက် ၄၇ဝ ကီလိုမီတာ (၂၉၃ မိုင်) အကွာ ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေပြီး ဟိုင်နန်ပြည်နယ် အနောက်တောင် ဘက် ယွန်းယွန်းသို့ တစ်နာရီ ၁ဝ ကီလိုမီတာ (၆ မိုင်) မှ ၁၅ ကီလိုမီတာ (၉ မိုင်) နှုန်းဖြင့် ရွေ့လျား သွားမည် ဖြစ်ပြီး တဖြည်းဖြည်း အားလျော့ သွားမည် ဖြစ်ကြောင်း သိရသည်။


တောင်တရုတ် ပင်လယ် မြောက်ပိုင်း ၊ အလယ်ပိုင်း နှင့် အနောက်ပိုင်း တို့တွင် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်း မှ နိုဝင်ဘာ ၄ ရက်နေ့ မွန်းတည့်ချိန် အထိ လေပြင်း မုန်တိုင်းများ ဖြစ်ပေါ် နိုင်ဖွယ်ရှိပြီး အဆိုပါ မုန်တိုင်းများ ကြောင့် နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှိ ကမ်းရိုးတန်း ဒေသများ တွင် မိုးသက် လေပြင်းများ ကျရောက် မည်ဟု အဆိုပါ မိုးလေဝသ ဌာနက ခန့်မှန်း ထားကြောင်း သိရှိရသည်။

No comments:

Post a Comment