Pages

Monday, November 11, 2013

အမေရိကန် ၏ မောင်းသူမဲ့လေယာဉ် နှင့် ပုံစံတူ Changhang မောင်းသူမဲ့လေယာဉ် တရုတ် ထုတ်ဖော်ပြသ



ပေကျင်း ၊ ၁၁-၁၁-၂၀၁၃

အမေရိကန် နိုင်ငံ၏ Northrop Grumman ကုမ္ပဏီထုတ် RQ-4 Global Hawk မောင်းသူမဲ့ လေယာဉ်နှင့် ပုံစံတူသည့် တရုတ်နိုင်ငံထုတ် Changhang မောင်းသူမဲ့ လေယာဉ်ပုံ များကို အွန်လိုင်း ဗီဒီယို ပြသမှု တစ်ခုတွင် မကြာသေးမီက ထုတ်ဖော် ပြသခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက် ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

Changhang မောင်းသူမဲ့ လေယာဉ်မဲ့ လေယာဉ်သည် တာဝေး ပျံသန်းနိုင်သည့် မောင်းသူမဲ့ လေယာဉ် တစ်မျိုးဖြစ်ပြီး အမေရိကန် ၏ RQ-4 Global Hawk မောင်းသူမဲ့ လေယာဉ်ပုံစံ နှင့် များစွာ ဆင်တူ သော်လည်း တောင်ပံမှာမူ တရုတ်နိုင်ငံ ထုတ် မောင်းသူမဲ့ လေယာဉ် ဖြစ်သည့် Guizhou Soar Dragon နှင့် ဆင်တူကြောင်း သိရသည်။

Changhang လေယာဉ်ကို Global Hawk ထက် လေထဲတွင် ပိုမို ပျံသန်းနိုင် စေရန် ဒီဇိုင်း ရေးဆွဲထားကြောင်း ၊ သို့ရာတွင် Changhang လေယာဉ်၏ အင်ဂျင်နှင့် သယ်ဆောင်နိုင် မှု စွမ်းရည်မှာ Global Hawk ကို မယှဉ်ပြိုင် နိုင်သေးကြောင်း တရုတ် စစ်ဘက် ကျွမ်းကျင် ပညာရှင် တစ်ဦးက Global Times သတင်းစာ တွင် ရေးသား ဖော်ပြ ခဲ့သည်။


Changhang လေယာဉ် သည် Guizhou Soar Dragon သို့မဟုတ် အခြား မောင်းသူမဲ့ လေယာဉ် လေယာဉ်များကို အဆင့်မြှင့်တင် ထားသည့် မောင်းသူမဲ့ လေယာဉ် ဟုတ် - မဟုတ် ဖော်ပြရန် အသေးစိတ် အချက်အလက် များ မရရှိ သေးကြောင်း Want Daily သတင်းစာ တွင် ရေးသား ဖော်ပြ ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment