Pages

Tuesday, November 19, 2013

Certificate in Human Resource Management သင်တန်းဖွင့်မည်


ရန်ကုန် ၊ ၁၉-၁၁-၂၀၁၃

WISE College မှ Certificate in Human Resource Management သင်တန်း ကို လာမည့် နိုဝင်ဘာ ၂၃ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့ များတွင် ညနေ ၅ နာရီခွဲ မှ ၇ နာရီခွဲ အထိ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြောင်းလဲ လာသော စီးပွားရေး လုပ်ငန်း အခြေအနေ များနှင့် လိုက်လျော ညီထွေသော လူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်ရေး ၊ လူ့စွမ်းအား အရင်းအမြစ် များကို စနစ်တကျ စီမံ ခန့်ခွဲရေး လုပ်ငန်း အသီးသီး တွင် ကျွမ်းကျင် လုပ်သားများ ရရှိရေး ၊ ရရှိ ထားသော ကျွမ်းကျင် ၀န်ထမ်းများ လုပ်ငန်းခွင် စိတ်ကျေနပ်မှု ရှိစေရေး ၊ မိမိ ၏ စီးပွားရေး လုပ်ငန်း အပေါ် သစ္စာရှိရှိ နှင့် ကြာရှည်စွာ မြဲစေရေး ၊ ၀န်ထမ်း များ၏ အခွင့်အရေး များကို ကာကွယ် ပေးပြီး အခြား တစ်ဖက် တွင်လည်း လုပ်ငန်း၏ တိုးတက်မှု ကို မျက်ခြေမပြတ် စေရေးတို့ မှာ မြန်မာ့ စီးပွားရေး လုပ်ငန်းတိုင်း အတွက် များစွာ အရေးကြီးရာ ယင်းလိုအပ်ချက် များကို တစ်တပ် တစ်အား ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ပြီး Certificate in Human Resource Management Course ကို ဖွင့်လှစ် ရခြင်း ဖြစ်ကြောင်း သိရသည်။


သင်တန်း ကာလမှာ ၂ လကြာမြင့်မည် ဖြစ်ပြီး စိတ်ပါဝင်စား သူများ အနေဖြင့် WISE College ၊ ၁၀၀၉ ၊ (A/B)၊ ၁၀ လွှာ ၊ ယုဇနတာဝါ ၊ ရွှေဂုံတိုင် လမ်းဆုံ ၊ ဗဟန်းမြို့နယ် ၊ ဖုန်း ၀၉- ၂၅၅ ၇၂၃၃၈၈ ၊ ၀၉- ၄၂၁၁ ၅၄၈၆၂ သို့တို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။


No comments:

Post a Comment