Pages

Saturday, November 9, 2013

ကိုလံဘီယာ အစိုးရနှင့် သူပုန်အဖွဲ့တို့ အကြား ရရှိခဲ့သော သဘောတူညီချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကြိုဆို


ကိုလံဘီယာ အစိုးရနှင့် FARC သူပုန်အဖွဲ့တို့က 
သဘောတူညီချက်အား ထုတ်ပြန် ကြေညာစဉ်

ဘိုဂိုတာ ၊ ၉-၁၁-၂၀၁၃

ကိုလံဘီယာ နိုင်ငံတွင် ရာစုနှစ်ဝက် နီးပါးခန့် ဖြစ်ပေါ်နေသော သောင်းကျန်းမှု များ အဆုံးသတ် စေရေး အတွက် ကိုလံဘီယာ အစိုးရနှင့် ကိုလံဘီယာ တော်လှန်ရေး တပ်ဖွဲ့ (FARC) တို့၏ ကျူးဘားနိုင်ငံ ဟာဗာနာမြို့ တွင် ကျင်းပ ပြုလုပ်လျက် ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ရရှိခဲ့သော အရေးပါ သည့် ငြိမ်းချမ်းရေး သဘော တူညီချက် တစ်ရပ်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၇ ရက်တွင် လက်ခံ ကြိုဆို ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

ထို့အပြင် ဘန်ကီမွန်းက ဟာဗာနာမြို့ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားမည့် အရေးကိစ္စ အပေါ်လက်ခံ ကြိုဆို ခဲ့ကြောင်းနှင့် နှစ်ဘက် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ အနေဖြင့် ကျန်ရှိနေသော ကိစ္စရပ် ၃ ရပ် ဖြစ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၊ ဒုက္ခသည် များအား လျော်ကြေး ပေးအပ်ရေး နှင့် သူပုန်များ လက်နက် ဖျက်သိမ်းရေး ကိစ္စရပ်များ တွင် သဘော တူညီချက်များ ထပ်မံ ရရှိနိုင် ပါစေဟု ဆုမွန်ကောင်း တောင်းခဲ့ကြောင်း သိရသည်။

နိုင်ငံရေး အခန်းကဏ္ဍ၌ FARC အဖွဲ့ ပါဝင် ဆောင်ရွက်ခွင့် ရရှိရေးဆိုင်ရာ သဘော တူညီချက် တစ်ရပ် ရရှိခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်နေ့တွင် ကိုလံဘီယာ အစိုးရနှင့် FARC သူပုန်အဖွဲ့ တို့က ထုတ်ပြန် ကြေညာခဲ့သည်။


ကိုလံဘီယာ အစိုးရနှင့် FARC အဖွဲ့တို့သည် ဟာဗာနာမြို့ ၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ တွင် စတင်ပြုလုပ် ခဲ့ကြောင်း သိရပြီး ၁၉၆၄ ခုနှစ် အစိုးရကို လက်နက်ကိုင် တော်လှန်မှု များ စတင် ဖြစ်ပွား စေခဲ့သည့် မြေယာနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ် ပြုပြင် ပြောင်းလဲရေး အပါအဝင် လယ်ယာ ဥယျာဉ် ခြံမြေဆိုင်ရာ ဥပဒေ ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်နှင့် ပတ်သက်၍ ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် နှစ်ဘက် အဖွဲ့အကြား ကနဦး သဘော တူညီချက် ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment