Pages

Tuesday, November 26, 2013

မြစ်သားမြို့ရှိ မွန်ကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုးထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ်ဖြစ်



မြစ်သား ၊ ၂၆-၁၁-၂၀၁၃

နိုဝင်ဘာ ၂၅ ရက်က မွန်ကမ္ပည်း ကျောက်စာ ပညာရှင် ဦးနိုင်ဘရှင် နှင့် ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး) မှ အဖွဲ့ဝင် အချို့ လာရောက် သုတေသန ပြုကြသည်။

ထိုကျောက်စာ မှာ တစ်ဖက်တွင် မွန်ဘာသာဖြင့် ရေးထိုးထားပြီး အခြား တစ်ဖက်၌ ပျူဘာသာဖြင့် ရေးထိုး ထားကြောင်း သိရသည်။ ထိုကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုး ထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း ဆရာကြီး ဦးနိုင်ဘရှင် က ထပ်မံ အတည်ပြု ခဲ့သည်။

" ယခု ကျောက်စာက အလွန် ရှားပါးပြီး အဖိုးတန်သည့် ကျောက်စာ တစ်ချပ် ဖြစ်သဖြင့် မပျောက်မရှ မပျက်စီးအောင် ထိန်းသိမ်း သင့်ကြောင်း ၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ လောက်က ဒီကျောက်စာ ကို အခုခေတ် လူသားတွေ ဖတ်ရှုနိုင် သလို နောင်နှစ်ပေါင်း ထောင် သောင်းချီ သည်အထိ လက်ဆင့်ကမ်း ထိန်းသိမ်း ထားသင့်ကြောင်း ၊ ယခု မြန်မာနိုင်ငံ တွင် သမိုင်း အမွေအနှစ် ဖြစ်သော ပျူကျောက်စာ ဆိုရင် ပုဂံမှာ တောင် တော်တော် ရှားနေပြီ ဖြစ်ကြောင်း ၊ မိမိ ဒေသ အဖိုးတန် သမိုင်းကို အခုလို ဖော်ထုတ် ပေးသည့် အတွက် ပေတောကျောင်း ဆရာတော် နှင့် အဖွဲ့အား ကျေးဇူး တင်ရှိကြောင်း .. .. " အသက် ၈၂ နှစ် အရွယ်ရှိ ဆရာကြီး နိုင်ဘရှင် က ပြောကြား ခဲ့သည်။

ယနေ့ထိ ဆက်စပ် သိရှိရသော ကျောက်စာ အခြေအနေ မှာ အမြင့် ၅ ပေ ၉ လက်မ ၊ ဗြက် ၃ ပေ ၆ လက်မ နှင့် ထု ၆ လက်မ ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ်သတင်း



No comments:

Post a Comment