Pages

▼

Monday, November 25, 2013

ဖိလစ်ပိုင်နိုင်ငံ ရှိ လေဘေးသင့် ပြည်သူများထံသို့ မြန်မာ့ တပ်မတော် က စားသောက်ကုန် နှင့် ဆေးဝါးများ ပေးပို့လှူဒါန်း


ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် လှရွှေ မှ
ထောက်ပံ့ပစ္စည်း ပေးအပ်ရာ
 လေတပ် ဒုတိယ ဦးစီးချုပ် Major General Wilfredo Ona က လက်ခံ ရယူစဉ်

နေပြည်တော် ၊ ၂၅-၁၁-၂၀၁၃

တပ်မတော်သည် ဒေသတွင်း နိုင်ငံများ ၊ အာဆီယံ နိုင်ငံ တပ်မတော် များနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ အဆိုပါ နိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ် အခက်အခဲ များနှင့် ရင်ဆိုင် တွေ့ကြုံ ရသည့် အချိန်များတွင် မိတ်ဆွေ ပီသစွာ အကူအညီများ ပေးပို့ ဆောင်ရွက်လျက် ရှိသည်။

နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖိလစ်ပိုင် သမ္မတနိုင်ငံ ၌ အင်အား ပြင်းထန်သည့် ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် မုန်တိုင်း ဘေးဒဏ် တွေ့ကြုံ ခံစား ခဲ့ရသည့် ဖိလစ်ပိုင် ပြည်သူများ အား မြန်မာ့ တပ်မတော် မှ လူသားချင်း စာနာ ထောက်ထားသော အကူအညီ အဖြစ် သောက်သုံးရေ ၊ ရေသန့်ဘူးများ ၊ ဆေးဝါးများ နှင့် အစားအသောက် ပစ္စည်း များကို မြန်မာ့ လေကြောင်း အထူး လေယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်း တွင် ပေးပို့ လှူဒါန်း ခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် လှရွှေ နှင့် တပ်မတော် အရာရှိကြီး များ လိုက်ပါ သွားသည့် အထူး လေယာဉ်သည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ ရှိ Ninoy Aquino အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြကာ ဖိလစ်ပိုင် နိုင်ငံမှ လေတပ် ဒုတိယ ဦးစီးချုပ် Major General Wilfredo Ona နှင့်အတူ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးရဲမြင့်အောင် နှင့် တာဝန်ရှိ သူများက ကြိုဆို ကြသည်။ 

လှူဒါန်းသည့် ပစ္စည်းများကို မြန်မာ့ တပ်မတော် ကိုယ်စား တွဲဖက် စစ်ဆေးချုပ် မှ ပေးအပ်ပြီး ဖိလစ်ပိုင် နိုင်ငံ အစိုးရ ကိုယ်စား လေတပ် ဒုတိယ ဦးစီးချုပ် Major General Wilfredo Ona နှင့် တာဝန်ရှိ သူများက လက်ခံ ရယူသည်။

မြန်မာ့ တပ်မတော် အနေဖြင့် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး ၏ သဘာပတိ တာဝန်ယူ ထားရပြီး ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုဒဏ် ခံစား ခဲ့ရသည့် ဖိလစ်ပိုင် ပြည်သူ များအား လူသားချင်း စာနာ် ထောက်ထားမှုဖြင့် အကူအညီများ ပေးအပ် နိုင်ရေးအတွက် အာဆီယံ တပ်မတော် များသို့ တိုက်တွန်း နှိုးဆော်ခြင်းများ ပြုလုပ် ခဲ့ကြောင်း နှင့် အာဆီယံ တပ်မတော် များမှလည်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးပို့ လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။


No comments:

Post a Comment