Pages

Friday, November 8, 2013

မြန်မာ နှင့် သြစတြေးလျ အဓွန့်ရှည်ကြာ ဆက်ဆံရေး


မြန်မာ နှင့် သြစတြေးလျ အဓွန့်ရှည်ကြာ ဆက်ဆံရေး

အယ်ဒီတာ့အာဘော်
( ၈-၁၁-၂၀၁၃ )

သြစတြေးလျ ဓနသဟာယ နိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံတမန် ဆက်သွယ် ခဲ့သည်မှာ ၁၉၅၃ ခုနှစ် သြဂုတ် ၁ ရက်တွင် စတင်ခဲ့သဖြင့် ယနေ့အချိန်တွင် နှစ်ပေါင်း ၆ဝ ပြည့်ခဲ့ပြီး ဖြစ်သည်။

သြစတြေးလျ ဓနသဟာယ နိုင်ငံသည် အာရှတိုက် ၏ အရှေ့တောင် ဒေသ၌ တည်ရှိပြီး အနောက်ဘက်နှင့် တောင်ဘက်တို့တွင် အိန္ဒိယ သမုဒ္ဒရာ ၊ အရှေ့ဘက် တွင် ပစိဖိတ် သမုဒ္ဒရာ တို့က ဝန်းရံ ထားသည်။ နိုင်ငံ အကျယ်အ၀န်း ၁၉၆၇၉၀၀ စတုရန်းမိုင် အတွင်း၌ ကော်ကေးရှား လူမျိုး ၉၂ ရာခိုင်နှုန်း ၊ အာရှတိုက်သား ၇ ရာခိုင်နှုန်း ၊ အဘော်ရီဂျင်း နှင့် အခြားလူမျိုး ၁ ရာခိုင်နှုန်း တို့ နေထိုင် ကြသည်။ စုစုပေါင်း လူဦးရေ ခန့်မှန်း သန်း ၂၀ ခန့် ရှိကြောင်း သိရသည်။ ၾသစေၾတးလ် တုိက္ရွိ ၾသစေၾတးလ် ဓနသဟာယ နိုင်ငံ နှင့် နယူးဇီလန် နိုင်ငံတို့ကို ကံဇာတာ ကောင်းသော နိုင်ငံများ ( Lucky Countries ) ဟုခေါ်ကြသည်။ ၄င်း နိုင်ငံများမှ မိသားစု တစ်စုချင်း ၀င်ငွေသည် မြောက် အမေရိကန် တိုက်တွင် ရှိသော နိုင်ငံများမှ မိသားစု တစ်စု၏ ၀င်ငွေနှင့် ညီမျှသော အခြေအနေ ရှိသည်။ ရွှေ့ပြောင်း အခြေချ နေထိုင်သူ များပြားပြီး ထိုနိုင်ငံတို့၏ စီးပွားရေးသည် ရောင်းကုန် အခြေပြု စီးပွားရေး ဖြစ်သည်။.

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်နှင့် သြစတြေးလျ ဓနသဟာယ နိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေး သည် ၂၀၁၁ ခုနှစ်မှစ၍ ပိုမို နွေးထွေး လာခဲ့သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နေပြည်တော် ၌ ရောက်ရှိ နေသော သြစတြေးလျ ဓနသဟာယ နိုင်ငံ ဘုရင်ခံချုပ် မစ္စ ကွင်တင်းဘရိုကစ် အား နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က နိုဝင်ဘာ ၅ ရက် နံနက်တွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေး ကြသည်။ ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ၏ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များ အောင်မြင်ရေး အတွက် သြစတြေးလျ နိုင်ငံက ပူးပေါင်း ဆောင်ရွက်ပေးရေး တို့ကို ဆွေးနွေး ကြသည်။ အထူးသဖြင့် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ အကောင် အထည်ဖော်ရေး အတွက် ကူညီပံ့ပိုး ပေးရေးနှင့် သြစတြေးလျ စီးပွားရေး လုပ်ငန်းရှင်များ ပိုမို လာရောက် ရင်းနှီး မြှုပ်နှံရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

သြစတြေးလျ ဓနသဟာယ နိုင်ငံသည် ပစိဖိတ်ဒေသ လုံးဆိုင်ရာ စီးပွားရေး မဟာဗျူဟာ သဘောတူ ညီမှုအဖွဲ့ ( Trans - Pacific Strategic Economic Partnership Agreement ) သို့ ဝင်ရောက်ခွင့် ရရန် ညှိနှိုင်း နေဆဲ ဖြစ်သည်။ TPSEP အဖွဲ့ကို ဘရူနိုင်း ၊ ချီလီ ၊ နယူးဇီလန် နှင့် စင်ကာပူ နိုင်ငံတို့က ၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၃ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ဇူလိုင် ၁၈ ရက်တွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ လွတ်လပ်စွာ ကုန်သွယ်ရေး ဖြစ်ပြီး ဌာနချုပ်ကို နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့ ၌ အခြေစိုက် ထားသည်။ အဖွဲ့ဝင် အဖြစ် ၀င်ရောက်ခွင့် ရရန် ညှိနှိုင်း နေဆဲ နိုင်ငံများမှာ အမေရိကန် ပြည်ထောင်စု ၊ သြစတြေးလျ ၊ ပီရူး နှင့် ဗီယက်နမ် နိုင်ငံတို့သည် ၂ဝဝ၈ ခုနှစ်တွင် လည်းကောင်း ၊ မလေးရှား နိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ် ၊ မက္ကဆီကို နှင့် ကနေဒါ နိုင်ငံတို့သည် ၂ဝ၁၂ ခုနှစ် ၊ ဂျပန်နိုင်ငံ သည် ၂ဝ၁၃ ခုနှစ် တွင် လည်းကောင်း အသီးသီး ကမ်းလှမ်း ခဲ့ကြပြီး အဖွဲ့ဝင်ခွင့် ရရန် စိတ်ဝင်စားမှု ရှိနေကြသော နိုင်ငံများမှာ ထိုင်ဝမ် (တရုတ်တိုင်ပေ) ၊ ဖိလစ်ပိုင် ၊ ကိုလံဘီယာ ၊ ကော့စတာရီကာ ၊ အင်ဒိုနီးရှား ၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံ တို့ ဖြစ်ကြောင်း သိရသည်။


ယနေ့ ကမ္ဘာ့နိုင်ငံ များ၏ အခင်းအကျင်း သည် ကုန်သွယ်ရေး မူဝါဒ များမှအစ နျူကလီးယား မပြန့်ပွားရေး ပြဿနာ အထိ နိုင်ငံစုံ ပါဝင်သော ပူးပေါင်း ဆောင်ရွက်မှုဖြင့် သာ ဖြေရှင်း နေကြရသည် ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့် သြစတြေးလျ ဓနသဟာယ နိုင်ငံတို့၏ နွေးထွေးသော ဆက်ဆံရေး အဓွန့်ရှည်ကြာ ပါစေကြောင်း မြ၀တီ က ဆန္ဒပြုလိုက် ရပေသည် ။   ။

No comments:

Post a Comment