Pages

Monday, November 25, 2013

ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တတိယအလွှာ မော်တော်ယာဉ်များ စတင်ဖြတ်သန်း



ရန်ကုန် ၊ ၂၅-၁၁-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် သမိုင်း ဘူတာရုံလမ်း နှင့် ဘုရင့်နောင် လမ်းဆုံရှိ ဘုရင့်နောင် လမ်းဆုံ ခုံးကျော်တံတား တတိယအလွှာ ( သမိုင်း ဘူတာရုံ လမ်းအပိုင်း ) မော်တော်ယာဉ် များ စတင် ဖြတ်သန်းခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် အဆိုပါ တံတား တတိယ အလွှာ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ သည် ခုံးကျော် တံတား တတိယအလွှာ ( သမိုင်း ဘူတာရုံ လမ်းအပိုင်း ) မှ စတင် ဖြတ်သန်းသည့် မော်တော်ယာဉ် များအား တံတား ဖြတ်သန်းခြင်း အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရင့်နောင် ခုံးကျော် တံတားကြီးအား ၂ဝ၁၂ ခုနှစ် ဇွန် ၅ ရက်တွင် စတင် အကောင် အထည်ဖော် ခဲ့ပြီး တောင်နှင့် မြောက် ဆက်သွယ် တည်ဆောက် ထားသည့် ဘုရင့်နောင် လမ်းရှိ တံတားပေါ်မှ မော်တော်ယာဉ် များအား ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင်  စမ်းသပ် မောင်းနှင် ခွင့်ပြု ခဲ့ပြီးဖြစ်သည်။ တောင် နှင့် မြောက် ခုံးကျော် တံတားအရှည်မှာ ၁၄၄၄ ပေ ၊ လူသွားလမ်း ၃ ပေ ၊ ယာဉ်လေးစီး အသွားအပြန် သွားလာ နိုင်ပြီး သစ်လုံး ကားကြီးများ ၊ ကုန်တင်ယာဉ် ကြီးများ အဓိကထား သွားလာသည့် လမ်းဖြစ်၍ တံတား ခံနိုင်ဝန်မှာ တန်ချိန် ၇၅ တန် ဖြစ်ကြောင်း သိရသည်။ 

ကျန်ရှိနေသည့် အရှေ့နှင့် အနောက်သို့ ဆက်သွယ် တည်ဆောက် ထားသည့် သမိုင်း ဘူတာရုံလမ်း ပေါ်မှ ခုံးကျော်တံတား အား ယမန်နေ့ နံနက်ပိုင်း မင်္ဂလာချိန် ဖြစ်သည့် ၈ နာရီ ၁ဝ မိနစ်တွင် ယင်း တံတားကြီး ပေါ်မှ မော်တော်ယာဉ် များ ဖြတ်သန်း မောင်းနှင် ခွင့်ပြု လိုက်ပြီ ဖြစ်သည်။ တံတား ၏ ပင်မအရှည်မှာ ၂၄၁၄ ပေ ၊ ချဉ်းကပ်လမ်း ၃၉၃ ပေ ၊ အကျယ် ၃၂ ပေ ၄ လက်မ ဖြစ်သည်။ မော်တော်ယာဉ် နှစ်စီး သွားဖြစ်ပြီး ယာဉ် တစ်စီးချင်း ခွင့်ပြု အလေးချိန်မှာ တန် ၆ဝ ဖြစ်သည်။

အဆိုပါ ခေတ်မီ နှစ်ထပ် ခုံးကျော် တံတားကြီး တစ်ခုလုံး ဖွင့်လှစ်နိုင်ခဲ့ ခြင်းကြောင့် လှိုင်သာယာ မြို့နယ်နေ ပြည်သူများ နှင့် ဧရာဝတီတိုင်း ဒေသကြီးမှ ကူးသန်း ရောင်းဝယ် လာကြမည့် ခရီးသွား ပြည်သူများ အနေဖြင့် အချိန်တို အတွင်း ရန်ကုန်မြို့ တွင်းသို့ လာရောက် သွားလာ နိုင်မည်ဖြစ်၍ ကုန်စည် စီးဆင်းမှု ပိုမိုလျင်မြန် လာမည် ဖြစ်သည်။ ထို့အတူ ယခင်က ၄င်းလမ်းဆုံ တွင် တစ်ဘီးချင်း လှိမ့်နေရသည့် ယာဉ်မောင်း များအနေဖြင့် လည်းကောင်း ၊ အချိန် ကြာမြင့်စွာ လိုင်းကား စောင့်စီးရသည့် ခရီးသွား ပြည်သူတို့ အတွက် လည်းကောင်း ယခုအခါ ယာဉ်ကြော ရှုပ်ထွေးမှုမှ သက်သာ ဖြေလျော့ လာပြီဖြစ်၍ လမ်းပန်း ဆက်သွယ်မှု ပိုမိုလျင်မြန် လာပြီး လိုရာ ခရီးသို့ ကြန့်ကြာမှု မရှိဘဲ သွားရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment