Pages

Friday, November 22, 2013

ပစိဖိတ်သမုဒ္ဒရာ အတွင်း မီးတောင်ပေါက်ကွဲ မှုကြောင့် ကျွန်းအသစ်တစ်ခု ထွက်ပေါ်



တိုကျို ၊ ၂၂-၁၁-၂၀၁၃

ဂျပန်နိုင်ငံ တိုကျိုမြို့ တောင်ပိုင်း နီရှီနိုရှီးမား ကမ်းရိုးတန်း အနီး ဘိုနင်ကျွန်းစု ၌ ယမန်နေ့ တွင် မီးတောင် ပေါက်ကွဲမှုကြောင့် အချင်း ၆၆၀ ပေခန့် ရှိသည့် ကျွန်းအသစ် တစ်ခု ထွက်ပေါ် လာကြောင်း သိရသည်။

ကမ်းခြေစောင့် တပ်ဖွဲ့က မီးတောင် ပေါက်ကွဲပြီး မီးခိုးလုံး ကြီးများ ဖုံးလွှမ်းမည့် အန္တရာယ် ကို တစ်ရက်စောကာ သတိပေးချက် ထုတ်ပြန် ခဲ့ပြီး မီးတောင်ကြီးက မီးခိုးလုံး ကြီးများ ၊ ပြာမှုန်များ နှင့် မီးတောင် ကျောက်များကို မှုတ်ထုတ် ခဲ့ပြီး ရေအောက်မှ ကျွန်းတစ်ခုက ပင်လယ်ရေ မျက်နှာပြင် အထက်သို့ မြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အစိုးရအဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူက " သေးငယ်ပေမယ့် လည်း ဂျပန်နိုင်ငံ အတွက် ကုန်းမြေ အသစ်ရရှိတဲ့ အတွက် ၀မ်းမြောက် ၀မ်းသာ ကြိုဆို ပါတယ် ... " ဟု ပြောကြား လိုက်ပြီး ကျွန်းသစ်လေး ကို အမည်ပေးရန် စီစဉ်စေ သောအခါ မီးတောင် ကျွမ်းကျင်သူ ဟီရိုရှီအီတို က အဆိုပါ ကျွန်းသစ်လေး မှာာ အမြဲ တည်တံ့ သွားမည့် ကျွန်း ဟုတ် - မဟုတ် လေ့လာရန် လိုအပ်ကြောင်း ၊ ယခင်ကလည်း မီးတောင် ပေါက်ကွဲမှု ကြောင့် ကျွန်းသစ်များ ပေါ်လာလေ့ ရှိသော်လည်း မကြာမီ လှိုင်းတိုက်စား မှုကြောင့် ပျောက်ကွယ် သွားလေ့ ရှိကြောင်း ပြောကြား သည်။

ဘိုနင်ကျွန်းစု တွင် ကျွန်းငယ်ပေါင်း ၃၀ ခန့်ရှိပြီး တိုကျိုမြို့ မှ မိုင်ပေါင်း ၂၆၀ ကွာဝေးကာ မြေငလျင် နှင့် မီးတောင် ရပ်ဝန်း တစ်ခု ဖြစ်ကြောင်း သိရသ်ည။ ၁၉၇၀ ပြည့်နှစ် ၀န်းကျင်တွင် နောက်ဆုံး မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း မီးတောင် လှုပ်ရှားမှု များမှာ မီတာ ထောင်နှင့်ချီသော ပင်လယ်ရေ နက်ပိုင်းတွင်သာ ဖြစ်ပျက် ခဲ့ကြောင်း သိရသည်


စက်တင်ဘာ ၂၄ ရက်တွင်လည်း ပါကစ္စတန် နိုင်ငံ ဂွါဒါပြည်နယ် အရှေ့ဘက် တွင် အင်အား ၇ ဒသမ ၇ အဆင့်ရှိသော မြေငလင် လှုပ်ရှား ခဲ့ခြင်းကြောင့် အချင်းပေ ၅၀၀ ခန့်ရှိသော ကျွန်းသစ် တစ်ကျွန်း ထွက်ပေါ်ခဲ့ပြီး တစ်နှစ်အတွင်း လှိုင်းတိုက်စား မှုကြောင့် ပျောက်ကွယ် သွားလိမ့်မည်ဟု ကျွမ်းကျင်သူ များက ခန့်မှန်း ထားသည်ဟု သိရှိရသည်။


No comments:

Post a Comment