Pages

Tuesday, November 26, 2013

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် အဓိပတိအဖွဲ့ စစ်ကိုင်းမြို့ရှေးဟောင်း ယိုးဒယားသိမ်တော်ကြီး သို့ လာရောက် လေ့လာဖူးမြော်



စစ်ကိုင်း ၊ ၂၆-၁၁-၂၀၁၃

ယမန်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့ ကန္နားတော် ရပ်ကွက်ရှိ ရှေးဟောင်း ယိုးဒယား မဟာသိမ်တော် ကြီးသို့ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် အဓိပတိအဖွဲ့ ဒေါက်တာ နီဝက်စ်နန္ဒလာ ဦးဆောင်သည့် အဖွဲ့သည် ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဒေါက်တာ အောင်မြင့် နှင့်အတူ လာရောက် ဖူးမြော် လေ့လာ ကြကြောင်း သိရသည်။

ဒေါက်တာ နီဝက်စ်နန္ဒလာ ဦးဆောင်သည့် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် အဓိပတိ အဖွဲ့တွင် အဖွဲ့ဝင် ၁ဝ ဦးပါဝင်ပြီး မန္တလေး ဆေးတက္ကသိုလ် ၊ မန္တလေး တက္ကသိုလ် နှင့် ရတနာပုံ တက္ကသိုလ် တို့နှင့် " နှစ်နိုင်ံ သင်ကြားရေး ကိစ္စများ တိုးတက်ရေး နားလည်မှု စာချွန်လွှာ " လက်မှတ် ရေးထိုးရန် အတွက် မန္တလေးမြို့ သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဒေါက်တာ အောင်မြင့် ဦးဆောင်၍ ဧည့်သည်တော် ချင်းမိုင် တက္ကသိုလ် အဓိပတိ အဖွဲ့အား ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသနှင့် အမရပူရမြို့ ၊ တောင်သမန်အင်း ၊ ဦးပိန်တံတား တို့သို့ လေ့လာ နိုင်ကြရန် လိုက်ပါ ပို့ဆောင် ပေးကြောင်း ၊ အမရပူရမြို့ တောင်သမန် အင်းစောင်း ၊ လင်းဇင်းကုန်း သုဿန်ရှိ ထိုင်းဘုရင်ဟောင်း " ဥတမ်ပုံ ( ကျောက်သွား ဒေါက်မဒူးဝါး ) " ၏ အရိုးအိုး စေတီကို လေ့လာ ကြည့်ရှု ခဲ့ကြပြီး နောက် စစ်ကိုင်းမြို့ ရှိ ရှေးဟောင်း ယိုးဒယား မဟာ သိမ်တော်ကြီး သို့ လာရောက် လေ့လာ ဖူးမြော် ကြခြင်း ဖြစ်ကြောင်း ဒေါက်တာ အောင်မြင့် ၏ ပြောပြချက် အရ သိရသည်။

စစ်ကိုင်းမြို့ တွင် တည်ရှိသည့် ရှေးဟောင်း ယိုးဒယား သိမ်တော်ကြီး သည် သမိုင်းဝင် ဝေဠုဝန် ငါးထပ်ကြီး ဘုရား၏ အနောက်တောင် ဘက်တွင် တည်ရှိပြီး ထူးခြားသော ဗိသုကာ လက်ရာများ နှင့် ရှေးဟောင်း နံရံ ဆေးရေး ပန်းချီ လက်ရာများ တည်ရှိ နေကြောင်း ၊ မကြာခဏ ထိုင်းလူမျိုး ခရီးသွား ဧည့်သည်များ အဖွဲ့လိုက် လာရောက် လေ့လာလျက် ရှိကြကြောင်း ၊ ရှေးဟောင်း ယိုးဒယား မဟာ သိမ်တော်ကြီးမှာ ရှေးမြန်မာ ဘုရင်များ လက်ထက် စစ်ကိုင်းမြို့ လင်းဇင်းရွာတွင် နေရာ ချထား နေထိုင် စေခဲ့သော ယိုးဒယား လူမျိုးများက တည်ထား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment