Pages

Tuesday, November 19, 2013

အမျိုးသမီးများ နှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေး အားလုံး ပါဝင်ဆောင်ရွက်


အမျိုးသမီးများ နှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေး အားလုံး ပါဝင်ဆောင်ရွက်

အယ်ဒီတာ့အာဘော်
( ၁၉-၁၁-၂၀၁၃ )

မြန်မာနိုင်ငံ အမျိုးသမီးများ နှင့် ကလေး သူငယ်များ ဘဝ မြှင့်တင်ရေး အသင်းကို ၂ဝ၁၄ ခုနှစ် မေ ၁၄ ရက်တွင် စတင် ဖွဲ့စည်း ခဲ့သည်။ ရည်ရွယ်ချက် မှာ အမျိုးသမီး များနှင့် ကလေး သူငယ်များ ဘဝ မြှင့်တင်ရေး လုပ်ငန်း များအား နိုင်ငံတစ်ဝန်း လုံးတွင် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ အသိအမှတ်ပြု လူမှု အဖွဲ့အစည်း တစ်ခု အဖြစ် ရပ်တည် နိုင်ရန် ဖြစ်သည်။

မြန်မာနိုင်ငံ တွင် အမျိုးသမီး များနှင့် ကလေး သူငယ်များ ဘဝ အခြေအနေ လေ့လာ ဆန်းစစ်ခြင်း ကို ၂ဝဝ၉- ၂ဝ၁ဝ ပြည့်နှစ် များတွင် စစ်တမ်း ကောက်ယူရေး ဆောင်ရွက်ခဲ့ရာ အမျိုးသား စီမံကိန်း နှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန က ဦးဆောင်၍ ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး စီမံကိန်း ဦးစီးဌာန ၊ ပညာရေး ဝန်ကြီးဌာန ၊ ပြည်ထဲရေး ၀န်ကြီးဌာန ၊ နယ်စပ် ဒေသရေးရာ ၀န်ကြီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက် ရေးအသင်း နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်သည်။ လုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုအပ်ချက် များအား ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ကြီး က ထောက်ပံ့ ပေးခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသမီးများ နှင့် ကလေး သူငယ်များ ဘဝ အခြေအနေ ဆန်းစစ်ခြင်း လုပ်ငန်းကို ပြည်ထောင်စုကြီး တစ်ဝန်းရှိ ကျေးလက် နှင့် မြို့ပြများ၌ ၂ဝဝ၉ ခုနှစ် အောက်တိုဘာ မှ ၂ဝ၁ဝ ပြည့်နှစ် မတ်လအထိ ဆောင်ရွက် ခဲ့သည်။ လုပ်ငန်း ကာလအတွင်း ကွင်းဆင်း ဆောင်ရွက် နိုင်မှုမှာ အိမ်ထောင်စု ပေါင်း ၂၉၂၃၈ စုကို တွေ့ဆုံ မေးမြန်း၍ စာရင်းများ ကောက်ယူ နိုင်ခဲ့သည်။ အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီး ၃၈၀၈၁ ဦးတို့အား တစ်ဦးချင်း တွေ့ဆုံ မေးမြန်းခဲ့ပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၁၅၅၃၉ ဦး တို့အား မျက်မြင်ဒိဋ္ဌ အခြေအနေ တို့ကို ကြည့်ရှု လေ့လာ နိုင်ခဲ့သည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ် ထားသော ထောင်စုနှစ်သစ် ရည်မှန်းချက် များမှ အမျိုးသမီး များနှင့် ကလေး သူငယ်များ ဘဝ မြှင့်တင်ရေး ကို မြန်မာနိုင်ငံ တွင် ၂ဝဝ၆-၂ဝဝ၇ မှ ၂ဝ၁ဝ-၂ဝ၁၁ အထိ ကာလတို လေးနှစ် စီမံကိန်း ချမှတ်၍ ဆောင်ရွက် ခဲ့သည်။ စီမံကိန်း ရည်မှန်းချက် များမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ပညာရေး နှင့်ကျန်းမာရေး ကဏ္ဍ မြှင့်တင်ေ ပးရန် ၊ နယ်စပ် ဒေသများ ဖွံ့ဖြိုးရေး နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး တို့ကို စဉ်ဆက် မပြတ် ဆောင်ရွက်ရန် ၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရန် နှင့် ထောင်စု နှစ်သစ် ရည်မှန်းချက် များ ပြည့်မီရေး ကို အမျိုးသား အဆင့် စီမံကိန်းများ ချမှတ် အကောင် အထည်ဖော် ရန်တို့ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ် ထားသော ထောင်စုနှစ်သစ် မျှော်မှန်းချက် များ ပြည့်မီရေး ဆက်လက် ဆောင်ရွက် လျက်ရှိရာ နိုင်ငံတော် အစိုးရ နှင့် ပြည်သူတို့ ပိုမို ပူးပေါင်း ဆောင်ရွက် နိုင်ကြစေရန် မြန်မာနိုင်ငံ အမျိုးသမီး များနှင့် ကလေး သူငယ်များ ဘဝ မြှင့်တင်ရေး အသင်းရုံး များကို နေပြည်တော် ဥတ္တရသီရိ မြို့နယ် နှင့် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ်တို့တွင် ဖွင့်လှစ် ထားသည်။


သို့ဖြစ်၍ အမျိုးသမီး များနှင့် ကလေးသူငယ်များ ဘဝ မြှင့်တင်ရေး လုပ်ငန်းများကို စိတ်ပါ ဝင်စားပြီး အထောက် အကူပြု နိုင်မည့် မည်သူမဆို အဖွဲ့ဝင် အဖြစ် ပါဝင် ဆောင်ရွက် နိုင်ကြသည့် အတွက် တိုင်းရင်းသား ပြည်သူ အပေါင်းတို့က တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။


No comments:

Post a Comment