Pages

Saturday, November 9, 2013



တောင်ကြီး ၊ ၉-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ်ကွက် ၊ ရေထွက်ဦးလမ်း ၊ အမှတ်(၁၉၁)ရှိ Classic  စားသောက် ဆိုင်ခန်းမ၌ နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ယက်မှ စီစဉ် ကျင်းပသော လူထု ဆွေးနွေးပွဲ ကျင်းပရာ အခမ်းအနား သို့ ရှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူ့ ကွန်ယက်မှ တာဝန်ရှိ သူများ ၊ နိုင်ငံရေး ပါတီ အသီးသီးမှ တာဝန်ရှိ သူများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ စိတ်ပါ ဝင်စားသော ဒေသခံ ပြည်သူများ နှင့် သတင်းမီဒီယာ သမားများ တက်ရောက် ကြကြောင်း သိရသည်။


အခမ်းအနား တွင် ရှမ်းပြည်နယ် (၈၈) ပွင့်လင်း လူအဖွဲ့အစည်း မှ ဦးနေမျိုး က အဖွင့် အမှာစကား ပြောကြားပြီး လူထု ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက် လုပ်ငန်းစဉ် များကို ပြောကြားသည် ။ ဆက်လက်၍ ရန်ကုန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ကွန်ယက် မှ ဦးမျိုးရန်နောင်သိန်း က လူထု ဆွေးနွေးပွဲ ပြုလုပ်ရခြင်း နှင့် ရန်ကုန် ပြည်သူ့ ကွန်ယက် အတွေ့အကြုံ များအား ရှင်းလင်း ပြောကြားပြီး တက်ရောက် လာသူများက အခြေခံ ဥပဒေဆိုင်ရာ လုပ်ငန်း ရည်ရွယ်ချက်များ ၊ အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင် နှင့် အစိုးရကို ရွေးချယ် ခန့်ထားခြင်း အပေါ် အမြင်နှင့် သဘောထား ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ သင့်မြတ်ရေး နှင့် လက်ရှိ အုပ်ချုပ်မှု အာဏာ ခွဲဝေ ကျင့်သုံးနေမှု ပုံစံ ၊ နိုင်ငံတော် ဖွဲ့စည်း ပုံသဏ္ဍာန် နှင့် ကျင့်သုံးမှု စနစ် ၊ နိုင်ငံသား များ၏ အခွင့်အရေး ၊ တိုင်းရင်းသား များ၏ အခွင့်အရေး တို့ကို ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment