Pages

Saturday, November 30, 2013

မက်ခရိုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး


မက်ခရိုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး

အယ်ဒီတာ့အာဘော်
( ၃၀-၁၁-၂၀၁၃ )

မြန်မာနိုင်ငံ သည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များတွင် အသုံးပြုရန် ၁၉၇၃ ခုနှစ်ခန့်မှ စ၍ ကမ္ဘာ့ဘဏ် မှ ဖွံ့ဖြိုးမှု ချေးငွေများ ရယူခဲ့သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ကမ္ဘာ့ဘဏ် သို့ ပြန်လည် ပေးဆပ်ရန် ကျန်ရှိသည့် ကြွေးမြီ လက်ကျန်များ ရှင်းလင်းနိုင်ရန် ကမ္ဘာ့ဘဏ် ၊ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ် ( JBIC ) တို့နှင့် ညှိနှိုင်း၍စာရင်း ရှင်းလင်းရေး ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်တွင် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ် မှ အမေရိကန် ဒေါ်လာ သန်း ၄၃၀ ကို ပေါင်းကူးချေးငွေ ရယူ၍ ကမ္ဘာ့ဘဏ် သို့ ပြန်လည် ပေးဆပ် နိုင်ခဲ့သည်။ ကမ္ဘာ့ဘဏ်မှ ပြန်လည် ရရှိသည့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၃၀ ကို ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ် မှ ရယူထားသော ပေါင်းကူး ချေးငွေအား ယင်းနေ့တွင် ပင် ပြန်လည် ပေးဆပ်လိုက်ပြီး ဖြစ်သည်။ ကမ္ဘာ့ဘဏ် သည် မြန်မာနိုင်ငံ ရှိ ကျေးရွာပေါင်း ၆၄ဝ ၌ ကျောင်းများ ၊ ကျန်းမာရေး ဆေးပေးခန်းများ ၊ လမ်းများနှင့် စိုက်ပျိုးရေး လုပ်ငန်း စသည်တို့တွင် အခြေခံ အဆောက်အအုံ များ ဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာသန်း ၈ဝ ကို ခြောက်နှစ် ကာလအတွင်း ကူညီ ထောက်ပံ့မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆင်းရဲမှု လျှော့ချရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ပြုပြင် ပြောင်းလဲမှု များအတွက် ငွေကြေး နှင့် နည်းပညာ အကူအညီများ ဆက်လက် ထောက်ပံ့ ပေးမည် ဖြစ်သည်။

ပါရီကလပ် ( Paris Club ) အဖွဲ့ဝင် ၁၁ နိုင်ငံ၌ တင်ရှိ နေသော မြန်မာနိုင်ငံ၏ ကြွေးမြီများ ရှင်းလင်းရေး ဆောင်ရွက်ရန် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆောင်သော အဖွဲ့သည် ဇန်န၀ါရီ ၂၄ ရက်တွင် ပါရီကလပ် ဥက္ကဋ္ဌ သဘာပတိ အဖြစ် ဆောင်ရွက်သည့် မျက်နှာစုံညီ အစည်းအဝေး သို့ တက်ရောက် ခဲ့သည်။ ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများမှ မြန်မာနိုင်ငံ ၏ မြီရှင်နိုင်ငံ များဖြစ်သော ပြင်သစ် ၊ ဖင်လန် ၊ အီတလီ ၊ ဂျပန်၊ နော်ဝေ ၊ နယ်သာလန် ၊ အင်္ဂလန် ၊ ဒိန်းမတ် ၊ ကနေဒါ ၊ သြစတြီးယား ၊ ဂျာမနီ ၊ လေ့လာသူ နိုင်ငံအဖြစ် သြစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ ကိုရီးယား ၊ ရုရှား ၊ စပိန် ၊ ဆွီဒင် ၊ ဆွစ်ဇာလန် နှင့် အမေရိကန် ပြည်ထောင်စု တို့မှ ကိုယ်စားလှယ် များအပြင် အဖွဲ့အစည်း များမှ IMF, IDA, ADB, UNCTAD တို့မှ ကိုယ်စားလှယ် များ တက်ရောက် ကြသည်။

မျက်နှာစုံညီ အစည်းအဝေး တွင် ပါရီကလပ် မြီရှင်များသို့ ပေးရန် ကန်ကြွေးမြီ ၏ ၅၀ ရာခိုင်နှုန်း ကို အထူး အစီးအစဉ် တစ်ရပ်အဖြစ် မြီရှင် နိုင်ငံများက လျှော်ပေးမည် ဖြစ်ပြီး ကျန်အကြွေးကို ဆိုင်းငံ့ကာလ ၇ နှစ်အပါအဝင် ၁၅ နှစ်အတွင်း ပြန်လည် ပေးဆပ်ရန် သဘောတူ ညီမှု ရရှိခဲ့သည်။ ထို့အပြင် နော်ဝေနိုင်ငံ က ၄င်းတို့ရရန် ကြွေးအားလုံး ဖြစ်သော အမေရိကန် ဒေါ်လာ ၅၃၄ သန်းကို အပြီးအပြတ် လျှော်ပစ်ရန်
သဘော တူညီ ခဲ့သည်။ ဂျပန်နိုင်ငံ ကလည်း ၄င်း၏ ကြေးမြီ ၆ဝ ရာခိုင်နှုန်း ကို လျှော်ပစ်ရန် သဘောတူညီ ခဲ့သည်။ ထို့ကြောင့် စုစုပေါင်း အမေရိကန် ၆ ဒသမ ၁၉၂ ဘီလီယံ ခန့် ကြွေးမြီ လျှော်ပစ်ရေး ညှိနှိုင်း ဆွေးနွေး နိုင်ခဲ့ ခြင်းကြောင့် ကြွေးမြီ အားလုံး၏ ၆၀ ရာခိုင်နှုန်း ခန့် သက်သာ စေသည့် ရလဒ်ကို ရရှိ ခဲ့ခြင်း ဖြစ်သည်။

ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများ၏ ကြွေးမြီ ရှင်းလင်းရေး ကိစ္စ ဆက်လက် ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံ ၏ မက်ခရို စီးပွားရေး မူဝါဒများ အကောင် အထည်ဖော် ဆောင်ရွက်နေမှု အကဲဖြတ် အစီအစဉ် အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီ မှ ဒီဇင်ဘာ အတွင်း မြန်မာနိုင်ငံ နှင့် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော် စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွင် မက်ခရို စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး သည် အရေးကြီး သော အခန်းကဏ္ဍ တွင် ရှိနေပေသည်။ ။


No comments:

Post a Comment