Pages

Friday, November 29, 2013

မီဒီယာကျင့်ဝတ် များကို မြဲမြံစွာ စောင့်ထိန်း


မီဒီယာကျင့်ဝတ် များကို မြဲမြံစွာ စောင့်ထိန်း

အယ်ဒီတာ့အာဘော်
(၂၉-၁၁-၂၀၁၃)

၁၉၆၇ ခုနှစ်မှ စတင် တည်ထောင် ခဲ့သော အရှေ့တောင် အာရှ နိုင်ငံများ အသင်းကြီး သည် ၂ဝ၁၅ ခုနှစ်တွင် တစ်ပေါင်း တစ်စည်း တည်းသော အာဆီယံ အသိုက်အဝန်း တည်ထောင်ရန် အဖွဲ့ဝင် နိုင်ငံ အသီးသီး က ကြိုးပမ်း နေကြချိန်တွင် အာဆီယံ မီဒီယာ ကွန်ရက် တစ်ခုကိုလည်း တည်ထောင် နိုင်ရေး အတွက် အာဆီယံ မီဒီယာ ကျင့်ဝတ် ဆိုင်ရာ အလုပ်ရုံေ ဆွးနွေးပွဲ ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၌ နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပ ခဲ့သည်။

အာဆီယံ မီဒီယာ ကျင့်ဝတ်များ ရေးဆွဲ ချမှတ်နိုင်ရေး အတွက် ပုံနှိပ် မီဒီယာ ၊ ရုပ်သံလွှင့် မီဒီယာ ၊ လူမှု မီဒီယာ နှင့် ပညာရပ် ပိုင်းဆိုင်ရာ အဖွဲ့ဟူ၍ အဖွဲ့များ အလိုက် မီဒီယာ ကျင့်ဝတ်များ ကို ဆွေးနွေး ခဲ့ကြသည်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အများပြည်သူ ဝန်ဆောင်မှု အုပ်ချုပ်ရေး အဖွဲ့က ရေးဆွဲ ထားသော အများပြည်သူ ဝန်ဆောင်မှု သတင်းစာ များအတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် ၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)က ရေးဆွဲ ထားသော စာနယ်ဇင်း ကျင့်ဝတ် ၊ မြန်မာ့အသံ နှင့် ရုပ်မြင် သံကြားက ရေးဆွဲ ထားသော အများပြည်သူ ဝန်ဆောင်မှု ရေဒီယို နှင့် ရုပ်သံလွှင့် လုပ်ငန်းများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် များနှင့် စာနယ်ဇင်း ဆိုင်ရာ ဥပဒေများ ပြင်ဆင် ရေးဆွဲနေမှု တို့ကို တင်ပြ ဆွေးနွေး ခဲ့ကြ သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းေ ကာင်စီ (ယာယီ) သည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပဉ္စမ အကြိမ် အစည်းအဝေး ကျင်းပ၍ စာနယ်ဇင်း ကျင့်ဝတ် (၁၅) ပိုဒ် ချမှတ် ဆုံးဖြတ် ခဲ့သည်။ စာနယ်ဇင်း သမားတို့ ဆောင်ရန် ၊ ရှောင်ရန် များကို တိုတိုရှင်းရှင်း နှင့် လိုရင်း ရောက်အောင် တစ်ပိုဒ်ချင်း ဖော်ပြ ထားသည်။ အပိုဒ် (၁)တွင် သတင်း မီဒီယာ တစ်ခုက ဖော်ပြသော သတင်းအတိုင်း အချက်အလက် တိကျ မှန်ကန်ရန် နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စိစစ် ရမည်။ အပိုဒ် (၇)တွင် သတင်း ရေးသား ရာတွင် ရေးသူ၏ အာဘော် လုံးဝ မပါဝင် စေရ။ ဘက်လိုက် ရေးသားခြင်း မပြုရ။ အပိုဒ် (၁ဝ) ဇာတိ ၊ ကိုးကွယ်ရာ ဘာသာ ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား ဝေဖန် လှုံ့ဆော် ရေးသားခြင်း မပြုရ။ အပိုဒ်(၁၂) စီးပွားရေး ၊ နိုင်ငံရေး စသည့် အဖွဲ့အစည်း တစ်ခုခု၏ သြဇာကြောင့် မမှန်မကန် ရေးသားခြင်း မပြုရ။ အပိုဒ်(၁၄) အီလက် ထရွန်နစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက် ၊ လူမှုကွန်ရက် စသည့် နည်းလမ်း များမှတစ်ဆင့် ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေ အခိုင်အမာ မပြနိုင်က ပြန်လည် ကူးယူ ဖြန့်ချိခြင်း မပြုရစသည့် သတ်မှတ်ချက် များ ပါဝင်ကြောင်း တွေ့ရသည်။

ရဟန်းမှာ ဝိနည်း လူမှာစည်း ဆိုသည့် အတိုင်း ထေရဝါဒ ဗုဒ္ဓ သာသနာတော် မကွယ်ပျောက် စေရန် ရဟန်း သံဃာများက ဝိနည်း စောင်ထိန်း ကြရသည့် နည်းတူ စာနယ်ဇင်း သမားတို့ ကလည်း ကျင့်ဝတ် စည်းကမ်းတို့ကို လိုက်နာ ကြရမည် ဖြစ်သည်။ သဒ္ဓမ္မ သုံးဖြာ သာသနာတော် ကွယ်ပျောက်ကြောင်း တရားငါးပါးကို အင်္ဂုတ္တရ နိကာယ် ပဉ္စကနိပါတ် ၊ တတိယ သမ္မောသသုတ် ၌ မြတ်ဗုဒ္ဓ ဟောကြား တော်မူခဲ့ သည်မှာ မမှန်သော ပါဠိ ၊ ပုဒ် ၊ ဗျည်း တို့ဖြင့် ပို့ချခြင်းနှင့် သင်ယူခြင်း ၊ မြတ်ဗုဒ္ဓ၏ အဆုံးအမကို မနာယူသော ဒုဗ္ဗစ ရဟန်းများ ဖြစ်ခြင်း ၊ ပရိယတ္တိ တတ်ကျွမ်းသော ပုဂ္ဂိုလ်ရှားပါး ၍ ပါဠိ အဋ္ဌကထာ တို့ကို မပို့ချခြင်း ၊ လာဘ်လာဘ ရှေ့တန်းတင်၍ ပစ္စည်း လေးပါး ပေါများရန် နှင့် ဘုန်းကြီးရန် ကျင့်ကြံခြင်း နှင့် သံဃာ အချင်းချင်း ကွဲပြားကြကာ ဒါယကာ ၊ ဒါယိကာမ များ၏ အကြည်ညို သဒ္ဓါတရား ပျက်စီးစေခြင်း တို့ဖြစ်သည်။ လူတို့ လောက နေရာဌာန တိုင်း၌ ဤသို့သော သဘာဝများ ရှိကြောင်း တွေ့ရသည်။

သို့ဖြစ်၍ မြန်မာ မီဒီယာ လောက သန့်စင်စွာ ရှင်သန် ထွန်းကားပြီး အာဆီယံ မီဒီယာ လောကသို့ ဝင်ဆံ့ကာ ကမ္ဘာ့မီဒီယာ အသိုင်းအဝိုင်း ထိ ကျယ်ပြန့်စွာ ဝင်ဆံ့နိုင်ရေး ကဏ္ဍအလိုက် မီဒီယာ ကျင့်ဝတ်များ ကို ခါးဝတ်ပုဆိုး ပမာ မြဲမြံစွာ စောင့်ထိန်း လိုက်နာကြ ပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။


No comments:

Post a Comment