Pages

Friday, November 1, 2013

နာနိုနည်းပညာ ကို အသုံးပြုခြင်းဖြင့် ဗီယက်နမ်နိုင်ငံ သည် ကင်ဆာရောဂါကို ကုသနိုင်သည့် ဒသမမြောက် နိုင်ငံ ဖြစ်လာ


ဟနွိုင်း ၊ ၁-၁၁-၂၀၁၃

ဗီယက်နမ် နိုင်ငံသည် နာနိုနည်း ပညာကို အသုံးပြု၍ ကင်ဆာရောဂါ ကို ကုသနိုင်သည့် နာနိုကာကူမင် ကို ထုတ်လုပ် နိုင်သော ကမ္ဘာပေါ်ရှိ ဒသမမြောက် နိုင်ငံ ဖြစ်လာ ခဲ့ကြောင်း ယင်းနိုင်ငံရှိ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် မှ ကြေညာ ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် ၌ ဖော်ပြ ထားကြောင်း သိရသည်။

ဗီယက်နမ် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ အမျိုးသား ဓာတုဗေဒ ဌာနမှ သုတေသီ များသည် စမ်းသပ် လေ့လာမှု များကို နှစ်နှစ်ကြာ ပြုလုပ်ပြီး နောက်ပိုင်းတွင် ယင်းသို့တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

စင်စစ်တွင် သုတေသီ များသည် နာနိုနည်းပညာ ကို အသုံးပြု၍ Curcuma Longa ဟု လူသိများသည့် နနွင်းဝါမှ Nano Curcumin ကို ထုတ်ယူခဲ့ ကြသည်။ (ပုံ) နနွင်းဝါသည် နာကျင် ထိခိုက်မှုများ ၊အသည်းမှ အဆိပ်အတောက် များကို ဖယ်ရှားပေးခြင်း နှင့် အစာအိမ် ရောဂါများ အတွက် မိရိုးဖလာ ဆေးဝါးအဖြစ် အသုံးပြုလျက် ရှိပြီး သုတေသီ များ၏ လေ့လာချက် အရ ၄င်း၏ ထူးခြားသော လက္ခဏာ များသည် ရောင်ရမ်းခြင်း များကို လျော့ကျ စေနိုင်သည့် အပြင် ကင်ဆာနှင့် နှလုံးရောဂါ ကို ကာကွယ်နိုင်ရုံ သာမက ကျောက်ကပ်နှင့် အသည်းကိုပါ ကာကွယ် ပေးနိုင်ကြောင်း သိရသည်။


သို့ရာတွင် နနွင်းသည် ရေတွင် ပျော်ဝင်ခဲ သောကြောင့် သုတေသီ များသည် အဆိုပါ နနွင်းများကို ရေတွင် ပျော်ဝင်နိုင်မည့် နည်းပညာကို အသုံးပြု ခဲ့ရကြောင်း ဓာတုဗေဒ ဌာနမှ သုတေသီ တစ်ဦးဖြစ်သူ ဖန်ဟူလီ က ပြောကြား ထားသည်။ ယင်းနည်းပညာ ကိုအသုံးပြုခြင်း အားဖြင့် နိုင်ငံအတွင်း ၌ ပြည်ပမှ တင်သွင်းသည့် ကင်ဆာရောဂါ ဆေးဝါး များထက် ဈေးနှုန်း ၅ ဆ ပိုမို သက်သာသည့် ဆေးဝါးများ ကို ထုတ်လုပ် နိုင်မည် ဖြစ်ကြောင်း နှင့် နိုင်ငံအတွင်း ၌လည်း နနွင်း စိုက်ပျိုးရေး အတွက် အခွင့် အလမ်းသစ် ကို လမ်းဖွင့် ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment