Pages

Monday, October 21, 2013

အီရန်ရေတပ်သည် BOOTANON သဘာဝဓာတ်ငွေ့ သယ်သင်္ဘောကို ပင်လယ်ဓားပြ များ၏ လက်တွင်းမှ ပြန်လည် ကယ်တင်နိုင် ခဲ့ခြင်း



တီဟီရန် ၊ ၂၁-၁၀-၂၀၁၃

အီရန်ရေတပ် ၏ အမှတ်(၂၇) ရေယာဉ်စုမှ စစ်သင်္ဘော များသည် အောက်တိုဘာ ၂ဝ ရက်တွင် ပင်လယ်ဓားပြ များနှင့် နာရီ အနည်းငယ်ကြာ တိုက်ခိုက် ခဲ့ပြီးနောက် သန့်စင်ပြီး သဘာဝ ဓာတ်ငွေ့များ သယ်ဆောင် လာသော အီရန်သင်္ဘော BOOTANON ကို ပြန်ပေးဆွဲမှုမှ အောင်မြင်စွာ ကယ်တင်နိုင် ခဲ့ကြောင်း အီရန်ရေတပ် ဒုတိယ ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ် Siyavash Jarreh က ပြောကြား ခဲ့သည်။

အဆိုပါ သင်္ဘောသည် Bab el- Mandeb ရေလက်ကြားကို ဖြတ်ကျော်စဉ် ပင်လယ် ဓားပြလှေ ၈ စီး၏ တိုက်ခိုက်ခြင်း ကို ခံခဲ့ရသော်လည်း အမှတ်(၂၇) ရေယာဉ်စုမှ စစ်သင်္ဘော များက အချိန်နှင့် တစ်ပြေးညီ ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။ အီရန်ရေတပ် သည် အမှတ်(၂၇) ရေယာဉ်စုကို အမှတ်(၂၆) ရေယာဉ်စု ၏နေရာတွင် သြဂုတ်လမှ စတင်ကာ တပ်ဖြန့် ချထား ခဲ့ကြောင်း ၊ အမှတ်(၂၇) ရေယာဉ်စုကို ဆူဒန် အခြေစိုက် Khark ရဟတ်ယာဉ်တင် သင်္ဘောနှင့် Sabalan ဖျက်သင်္ဘော တို့ဖြင့် ဖွဲ့စည်းထားပြီး အမှတ်(၂၆) ရေယာဉ်စုကို Bandar Abbas စစ်သင်္ဘောနှင့် Alvand ဖျက်သင်္ဘော တို့ဖြင့်ဖွဲ့စည်း ထားကြောင်း နှင့် ၄င်းရေယာဉ်စု များ၏ ရည်မှန်းချက် တာဝန်မှာ ပယ်လယ်ပြင် အတွင်းရှိ အီရန်ပိုင် ကုန်တင် သင်္ဘောများ နှင့် ရေနံတင် သင်္ဘောများ ၏ လုံခြုံရေးကို အထောက်အကူ ပြုပေးရန် ဖြစ်ကြောင်း အီရန် ရေတပ် ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ် Habibollah Sayyari က ပြောကြား ခဲ့သည်။


ယီမင် ကမ်းလွန်တွင် အီရန် ကုန်တင် သင်္ဘော MV Delight အား ဆိုမာလီ ပင်လယ် ဓားပြများ၏ အပိုင်စီးခြင်းကို ခံခဲ့ရပြီး နောက်၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အီရန် ရေတပ်သည် အေဒင် ပင်လယ်ကွေ့ ဒေသတွင် ကင်းလှည့်ကာ ပင်လယ်ဓားပြ တိုက်ဖျက်ရေး ကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ယခုအချိန်အထိ ကုန်တင်သင်္ဘော ၁၅၃၈ စီးကို ၄င်းဒေသတွင် အစောင့် လိုက်ပေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment