Pages

Thursday, October 24, 2013

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ၀ိုင်းဝန်းထိန်းသိမ်း


ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ၀ိုင်းဝန်းထိန်းသိမ်း

အယ်ဒီတာ့အာဘော်
( ၂၄-၁၀-၂၀၁၃)

ကုသိုလ်တော် ကျောက်စာများ

မြန်မာ လူမျိုးတို့သည် မြောက်ဘက် တိဗက်ကုန်းမြင့် ဒေသမှ ၀င်ရောက် လာကြသော မွန်ဂိုလွိုက် မျိုးနွယ်စု က ဆင်းသက် လာခဲ့သည် ဟု ယခင်က သတ်မှတ်ခဲ့ ကြသည်။ ၁၉၇၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ နှင့် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော သုတေသီ များက ရှာဖွေ ဖော်ထုတ်ချက် အရ ပုံတောင် ပုံညာ ဒေသ မြိုင်မြို့နယ် နှင့် ပုလဲမြို့နယ် များတွင် အဆင့်မြင့် လူတူ ပရိုင်းမိတ် ရုပ်ကြွင်းများ ရှာဖွေ တွေ့ရှိခဲ့ ကြသည်။ နိုင်ငံတကာရှိ အဖွဲ့အစည်းများ က ခေတ်မီ နည်းစနစ် များဖြင့် စစ်ဆေးခဲ့ရာ ရှေးနှစ် ပေါင်းသန်း ၄ဝ က လူတူ ပရိုင်းမိတ် ရုပ်ကြွင်းများ ဖြစ်ကြောင်း အတည်ပြုခဲ့ ကြသည်။ ၄င်းပရိုင်းမိတ် များသည် အာဖရိက ဒေသတွင် တွေ့ရှိရသော နှစ်သန်းပေါင်း ၃၃ သန်းရှိ ပရိုင်းမိတ် ရုပ်ကြွင်း များထက် သက်တမ်း ပိုစောသည့် အတွက် '' ကမ္ဘာ့လူသား အစ မြန်မာက '' ဟု ကမ္ဘာက အသိအမှတ်ပြု ထောက်ခံခဲ့ ကြသည်။

မြန်မာ လူမျိုးတို့သည် ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ် ၊ မြို့ပြခေတ် စသည့် ခေတ် အသီးသီးကို ဖြတ်သန်း ခဲ့ကြပြီးနောက် အေဒီ ၁၀၄၄ တွင် ပုဂံဒေသ၌ ပထမမြန်မာ နိုင်ငံတော်ကို အနော်ရထာ မင်းကြီးက စတင် တည်ထောင် ခဲ့သည်။ ပုဂံ ဒေသတွင် ရှေးအဆိုအရ စေတီပုထိုး ၊ ဂူဘုရား များ တည်ထား ခဲ့သည့် အရေအတွက် ကိုလည်း " လှည်းဝင်ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်း " ဟူသော စကားအရ စုစုပေါင်း ၄၄၄၇၇၂၂ ဆူတည်ထား ကိုးကွယ် ခဲ့ကြောင်း သိရသည်။ မြန်မာတို့ အတွက် တန်ဖိုးကြီးမား သည့် ရှေးဟောင်း အမွေအနှစ် များပင် ဖြစ်သည်။ နိုင်ငံခြားသား တို့အတွက် လေ့လာ မှတ်သားဖွယ်ရာ သမိုင်း အထောက်အထား ပင် ဖြစ်သော်လည်း မြန်မာတို့ အတွက်မှာမူ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဖြစ်ရုံသာ မဟုတ်ဘဲ ယုံကြည် ကိုးကွယ်ရာ ဘာသာတရား ၏ အထွတ်အမြတ် သာသနိက အဆောက်အအုံ များပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ ပြုပြင် ထိန်းသိမ်း ထားသည့် လုပ်ငန်းများကို ပုဂံဒေသ အပြင် ရှေးဟောင်း အမွေအနှစ်များ တည်ရှိသည့် အင်းဝ ၊ မန္တလေး ၊ ရွှေဘို ၊ ပဲခူး ၊ မြောက်ဦး ၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာန က ဆောင်ရွက် ခဲ့သည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်း ထားရှိသည့် သရေ ခေတ္တရာ ၊ ဗိဿနိုး ၊ ဟန်လင်း မြို့ဟောင်းများ သည် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ် ပြုရန် UNESCO က ဆောင်ရွက်လျက် ရှိသည်။


မြန်မာနိုင်ငံတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ရာတွင် ပြည်ပနိုင်ငံများ ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်၍ ရနိုင်သည် များကို ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း ၊ ပူးပေါင်း ဆောင်ရွက်၍ မရနိုင်သည် များကို နိုင်ငံတကာ ခေတ်မီ နည်းပညာများ အသုံးပြု၍ လည်းကောင်း ရှေးမူမပျက် ထိန်းသိမ်း ဆောင်ရွက် ကြရမည် ဖြစ်သည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များသည် မြန်မာနိုင်ငံသား တို့၏ အမျိုးဂုဏ် ၊ ဇာတိဂုဏ် နှင့် ယဉ်ကျေးမှု အဆင့်အတန်း ကို ဖော်ကျူးလျက် ရှိသဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များ ရေရှည် တည်တံ့၍ မပျောက် မပျက်အောင် ၀ိုင်းဝန်း ထိန်းသိမ်း ကြရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံ ပြည်သူများက အမျိုးသားရေး တာဝန် အဖြစ် ခံယူပြီး ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

No comments:

Post a Comment