Pages

Monday, October 7, 2013

ရုရှား စစ်ဘက်စုံစမ်းရေး အရာရှိများသည် ပေါ်တူဂီ နှင့် စပိန်နိုင်ငံ တို့အပေါ် ဝေဟင် ပျံသန်း စစ်ဆေးမှု ပြုလုပ်မည်



၇-၁၀-၂၀၁၃

ရုရှား စစ်ဘက် စုံစမ်းရေး အရာရှိများသည် နိုင်ငံတကာ လေကြောင်း စူးစမ်း လေ့လာရေး သဘောတူ စာချုပ်အရ ပေါ်တူဂီ နှင့် စပိန်နိုင်ငံတို့၏ လေပိုင်နက် အတွင်း ပျံသန်း စစ်ဆေးမှု များကို အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ TU - 154M LK-1  ကင်းထောက် လေယာဉ်ဖြင့် ပြုလုပ် သွားမည် ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန် ကြေငြာ ခဲ့သည်။

နိုင်ငံတကာ လေကြောင်း စူးစမ်း လေ့လာရေး သဘောတူ စာချုပ်မှာ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင် အသက်ဝင် ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ ၃၄ နိုင်ငံ၏ တပ်ဖွဲ့များနှင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု များကို ပွင့်လင်း
မြင်သာမှု ရှိစေရေး အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း နှင့် ရုရှားနိုင်ငံ အနေဖြင့် အဆိုပါ သဘောတူ စာချုပ်ကို ၂ဝဝ၁ ခုနှစ် မေလတွင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။


ရုရှား စစ်ဘက် စုံစမ်းရေး အရာရှိများ သည် ၂ဝ၁၃ ခုနှစ်တွင် သဘောတူ စာချုပ်ပါ အဖွဲ့ဝင် နိုင်ငံများ၏ လေပိုင်နက် အတွင်း ပျံသန်း စစ်ဆေးမှု ပေါင်း ၃၁ ကြိမ်မှ ၃၂ ကြိမ်အထိ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ သဘောတူ စာချုပ်အရ ဝေဟင်မှ ပျံသန်း စစ်ဆေးမည့် လေယာဉ်တွင် မြင်ကွင်းကျယ် ရိုက်ကူး နိုင်မည့် အနီအောက် ရောင်ခြည် နှင့် ပုံရိပ်ဖော် ရေဒါများ ပါဝင်သည့် ကင်မရာများ တပ်ဆင် ထားကြောင်း ၊ အဆိုပါ ပုံရိပ် များအား အဖွဲ့ဝင် နိုင်ငံများသို့ ပေးပို့ မျှဝေခြင်း အားဖြင့် လက်နက် ထိန်းချုပ်ရေး စာချုပ်အား လိုက်နာမှု ရှိ/မရှိ စောင့်ကြည့် ရာတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရှိရသည်။ (NEWSnow)

No comments:

Post a Comment