Pages

Monday, October 28, 2013

ဗိုလ်တထောင် ဆိပ်ကမ်းအနီး ရေပေါ်ဟိုတယ် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်မည်



ရန်ကုန် ၊ ၂၈-၁၀-၂၀၁၃

လှလှပပ လီမိတက် မှ ဗိုလ်တထောင် ဆိပ်ကမ်း နယ်မြေတွင် ဖွင့်လှစ်မည့် ရေပေါ် ဟိုတယ်မှာ အလျား ၁ဝ၆ မီတာ ၊ အကျယ် အဝန်း ၁၈ ဒသမ ၄ မီတာ ၊ ရေစူး နှစ်မီတာ နှင့် တန်ချိန် နှစ်ထောင်ကျော် ရှိသည့် စက်မဲ့သင်္ဘော ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းရှိ ၁၂ဝဝဝ ရေလုံ သင်္ဘောကျင်း ၌ လုပ်ဆောင်လျက် ရှိပြီး ဒီဇင်ဘာ တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

'' သင်္ဘောက မြန်မာနိုင်ငံ ကို ၂ဝ၁၃ ခုနှစ် သြဂုတ် ၁၈ ရက်က ရောက်တယ် ၊ ဖင်လန်နိုင်ငံ ကနေ သယ်လာတာပါ ၊ ဒီမှာ အပြီးသတ် အတွင်းပိုင်း အပြင်ပိုင်း ပြင်ဆင်ပြီး မှ ဗိုလ်တထောင် ဆိပ်ကမ်းကို ရွှေ့မှာပါ ၊ ဒီဇင်ဘာလ ပြီးမယ်လို့ ခန့်မှန်းတယ် ၊ ပွင့်လင်း ရာသီမှာ ဖွင့်လို့ ရအောင်လို့ ကြိုးစား နေတာပါ .. .. '' ဟု လှလှပပ လီမိတက်မှ စီမံကိန်း အင်ဂျင်နီယာ ဦးလင်းဟန် က ပြောပြ ခဲ့သည်။

၎င်းသင်္ဘော (အပေါ်ပုံ) ၏ ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို ပြီးခဲ့သည့် စက်တင်ဘာ မှစ၍ လုပ်ဆောင်လျက် ရှိကြောင်းနှင့် သင်္ဘောတွင် အခန်းပေါင်း ၁ဝ၄ ခန်း ပါဝင်ကြောင်း ၄င်းက ထပ်မံ ပြောပြခဲ့သည်။

'' ပြင်ဆင် မွမ်းမံမှု လုပ်တာက ပြီးခဲ့တဲ့ စက်တင်ဘာ က စလုပ်တာ ၊ အခန်း ၁၀၄ ခန်း ပါတယ် ၊ တစ်ခန်းကို လူနှစ်ယောက် နေလို့ရတယ် ၊ စားသောက်ခန်း ကနှစ်ခန်း ၊ ဘားကောင်တာ ပါမယ် ၊ ဟိုတယ်ဆို တော့ အစားအသောက် က ဥရောပ ၊ အရှေ့တိုင်း အစုံပါတယ် ၊ လာတဲ့ဧည့်သည် ကို မြန်မာငွေ နဲ့ပဲယူမယ် ၊ ဈေးနှုန်းတော့ မသတ်မှတ် ရသေးဘူး ၊ ဖွင့်တဲ့ အခါမှ သတ်မှတ်မယ် ၊ သင်္ဘော အပြင်အဆင် ကို နိုင်ငံခြား ပစ္စည်းတွေ ပဲသုံး ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


ရန်ကုန်ဆိပ်ကမ်း နယ်မြေကို နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်း တစ်ခုဖြစ်စေရန် ဆောင်ရွက်မည့် လုပ်ငန်းလေးခု ဖြစ်သည့် ဗိုလ်တထောင် ဆိပ်ကမ်း ၊ ဆူးလေ ဆိပ်ကမ်း ၊ တံတားအမှတ် ၁၊ ၂၊ ၃၊ ၄၊ နန်းသီတာဆိပ်ကမ်း ၊ လမ်းမတော် နယ်မြေ တို့၌ စီးပွားရေး ဆိုင်ရာ ခေတ်မီ အဆောက်အအုံ များ တည်ဆောက်ခြင်း ၊ အပန်းဖြေ အနားယူ နိုင်ရေး နေရာများ တည်ဆောက်ခြင်း ၊ နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသွား ဆိပ်ကမ်းများ ပြောင်းလဲ တည်ဆောက်ခြင်း လုပ်ငန်းစဉ် ကို အကောင် အထည်ဖော် ခဲ့ရာ ရန်ကုန်မြို့ ဆိပ်ကမ်း နယ်မြေ သာယာ လှပစေရေး နှင့် ပြည်သူတို့ စိတ်အပန်းဖြေရာ နေရာတစ်ခု အဖြစ် ဗိုလ်တထောင် ဆိပ်ကမ်းမှာ ယခင်ကထက် ပိုမို စည်ကား လာပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment