Pages

Thursday, October 24, 2013

ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ အထက်တန်းကျောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား



မန္တလေး ၊ ၂၄-၁ဝ-၂ဝ၁၃

မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ် ၊ ၆၆ လမ်း ၊ ၂ဝx၂၁ လမ်းကြား ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ အနုပညာ အထက်တန်းကျောင်း ၌ ယနေ့ နံနက် ၅ နာရီ ၇ မိနစ် အချိန်ခန့်မှ ၅ နာရီ ၁၅ မိနစ် အချိန်ခန့် အထိ စာပေ ကျောင်းဆောင် ၊ ဆို /က /ရေး /တီး စာသင်ဆောင် များအား မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ဆရာမကြီး ဒေါ်ဝင်းဝင်းစိန် နေထိုင်သည့် အခန်းရှိ ဝါယာမိန်းခုံ မှ ရှော့ဖြစ်၍ လောင်ကျွမ်းခြင်း ဖြစ်ပြီး ပေ (၇ဝx၁၂) ရှိ စာသင်ဆောင် ၃ ဆောင် ကူးစက် လောင်ကျွမ်း ခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်း ရာနေရာသို့ အထက် မြန်မာပြည် မီးသတ် ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ၊ တိုင်းမီးသတ် ဦးစီးမှူး ဦးကြည်တိုး ၊ ခရိုင် မီးသတ် ဦးစီးမှူး ဦးလှမင်း တို့ ဦးစီး၍ မီးသတ်ယာဉ် ၁၈ စီး ၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် ၂၅ ဦး နှင့် အရန် မီးသတ် တပ်ဖွဲ့ဝင် ၈ဝ ဦးတို့ဖြင့် ရောက်ရှိ  ဝိုင်းဝန်း ငြိမ်းသတ် ခဲ့ရပြီး မီးလောင် ဆုံးရှုံးမှု တန်ဖိုး ၆ဝဝဝဝဝိ/-ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment