Pages

Tuesday, October 1, 2013

သက်ကြီးရွယ်အို

သက်ကြီးရွယ်အို

သက်ကြီးရွယ်အို အချိန်ရောက်
စောင့်ရှောက်ဖို့ လိုသည်။
အိုမင်းလျှင် ဘယ်မစွမ်း
ဝိုင်းဝန်းကူညီ။
သင်လည်းတစ်နေ့ အိုရမည်
ကြံစည်လို့ စဉ်းစား။
ဂရုဏာ စာနာထောက်ပါလို့
ဝမ်းမြောက်စွာ မွေးမြူကျွေးတဲ့ပြင် 
ဖေးကူကာ ကုသိုလ် အလုပ်မို့
ကြိုးကုတ်စို့လား။

အရွယ်ဂုဏ် ကြီးသူများကိုလ
ရိုတုပ်ကွ ပူဇာ။
မြတ်ကုသိုလ် သည်ကောင်းမှု
ပြုသင့်သည်သာ။
အသက်နဲ့ဆင်းရူပါ
ချမ်းသာနဲ့ ခွန်အား။
မှန်မသွေ သည်အကျိုးကိုလ
ရလိမ့်တကား။

ငါတို့လည်း တစ်နေ့ကျ
အိုရလိမ့် မှန်စွာ။
သည်ခန္ဓာ ဒုက္ခဘေးက
ပြေးမလွတ်ပါ။
ဒါန ၊ သီလ ၊ ဘာဝနာ
ဉာဏ်ယှဉ်ကာ ကြိုးစား။
အို ၊ နာ ၊ သေ ဒုက္ခ၀ဋ်မှ
လွတ်လိမ့်တကား။

ယဉ်ကျေးမှု ရိုးရာအလှ
သိကြဖို့ ကဗျာစီ။
သားမြေးတိုင် မပျက်တမ်း
လက်ကမ်းရမည်။
မင်္ဂလာတရားမို့ ပြုသင့်သည်
စာပန်းချီ ခြယ်မှုန်း။
စဉ်အလာ ကွယ်မပျောက်အောင်
စောင့်ရှောက်ကျင့်သုံး ။  ။

ငွေသဇင် (သံတွဲ)
" အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ သို့ အမှတ်တရ "

(( ၂၀၁၃ ခုနှစ် အောက်တိုဘာလထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာကဏ္ဍမှ ))


No comments:

Post a Comment