Pages

Wednesday, October 16, 2013

တောင်ကြီး မြို့ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ပလ္လင်တော် အတွင်း ဌာပနာ ပစ္စည်းများ ထည့်သွင်း တင်လှူ ပူဇော်ခြင်း မဟာ မင်္ဂလာ အခမ်းအနား ကျင်းပ



တောင်ကြီး ၊ ၁၆-၁၀-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ပလ္လင်တော် အတွင်း ဌာပနာ ပစ္စည်းများ ထည့်သွင်း တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်က  အဆိုပါ စေတီတော်၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနား ကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ပြီး ဆရာတော် သံဃာတော်များ ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး ၊ တာဝန်ရှိ သူတို့က ဌာပနာ ပစ္စည်းများကို ကိုင်ဆောင်ကာ ဘုရားရင်ပြင် တွင် လက်ယာရစ် တစ်ပတ် လှည့်လည် ပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် နှင့် ဇနီးဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် တာဝန်ရှိသူများ ၊ အလှူရှင် များက ပြည်နယ် သံဃာ့ နာယက အဖွဲ့ ဥက္ကဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသီရိ မင်းကွန်းကျောင်း ဆရာတော် ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြပြီး ဆရာတော် သံဃာတော် အရှင် သူမြတ်တို့ထံ ဌာပနာ ပစ္စည်းများကို ဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များ ၊ ပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ဝန်ကြီးများနှင့် အလှူရှင် များက ဌာပနာ ပစ္စည်းများကို အသီးသီး ထည့်သွင်း ပူဇော်ကြပြီး ဆရာတော် ၊ သံဃာတော် များနှင့် ပရိသတ်များက ဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ဘုရား ဂုဏ်တော်များကို ရွတ်ဖတ် ပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူတို့က ဆရာတော် ၊ သံဃာတော် အရှင်သူမြတ် တို့အား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ၊ ဗဟန်းမြို့နယ်၊ ညောင်တုန်း ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ ရတနာ ဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသ မှ ရေစက် သွန်းချ အနုမောဒနာ တရား ချီးမြှင့် တော်မူသည်။


အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ဇနီး ဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဌ ၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ အလှူရှင်များ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ကြကြောင်း သိရှိရသည်။


No comments:

Post a Comment