Pages

Thursday, October 24, 2013

(၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲအကြို ညစာစားပွဲကျင်းပ


လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် တင်မောင်ဝင်း က 
နိုင်ငံအလိုက် အသင်းခေါင်းဆောင် များကို အမှတ်တရ ပစ္စည်း
( AARM Plaque ) များ ပေးအပ်စဉ်

နေပြည်တော် ၊ ၂၄-၁၀-၂၀၁၃

(၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ အကြို ညစာစားပွဲ ကို ယမန်နေ့ ည ၇ နာရီ အချိန်တွင် ပြင်ဦးလွင်မြို့ AARM Village ရှိ စစ်ရေးပြကွင်း ၌ ကျင်းပ ပြုလုပ်ရာ (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် တင်မောင်ဝင်း ၊ နိုင်ငံအလိုက် သေနတ်ပစ် အသင်းများမှ အသင်း အုပ်ချုပ်သူ များနှင့် အသင်းသားများ ၊ မြန်မာ့ တပ်မတော် အရာရှိ ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် တင်မောင်ဝင်း က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်

ထို့နောက် (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ နိုင်ငံအလိုက် အသင်း ခေါင်းဆောင်များ ၊ ပြိုင်ပွဲဝင် အသင်းသားများ နှင့် အခမ်းအနား တက်ရောက် လာကြသူ များသည် ညစာကို အတူတကွ သုံးဆောင် ကြသည်။

ညစာ သုံးဆောင် အပြီးတွင် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် တင်မောင်ဝင်း က နိုင်ငံအလိုက် ခေါင်းဆောင် များကို အမှတ်တရ ပစ္စည်း ( AARM Plaque ) များ ပေးအပ်သည်။


ညစာ မသုံးဆောင်မီ နှင့် သုံးဆောင် နေစဉ် အတွင်း မြ၀တီတေးဂီတ အဖွဲ့မှ တေးသံသာ များဖြင့် သီဆို ကပြ ဖျော်ဖြေ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)


(၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ 
အကြို ညစာစားပွဲ တက်ရောက် လာကြသူများ အား
မြ၀တီတေးဂီတ အဖွဲ့မှ သီဆိုဖျော်ဖြေမှု




No comments:

Post a Comment