Pages

Wednesday, October 23, 2013

ဗြိတိန်နိုင်ငံ က ဆိုက်ဘာ ကာကွယ်ရေး တပ်ဖွဲ့တွင် ကွန်ပျူတာ ဟက်ကာများ တာဝန်ပေး ခန့်အပ်ရန် စီစဉ်


လန်ဒန် ၊ ၂၃-၁၀-၂၀၁၃

ဗြိတိန်နိုင်ငံ တွင် ပြစ်ဒဏ် ချမှတ် ခံထားရသော ကွန်ပျူတာ ဟက်ကာများ အား အသစ် ဖွဲ့စည်းထားသည့် ဆိုက်ဘာ ကာကွယ်ရေး တပ်ဖွဲ့တွင် တာဝန် ပေးအပ်ရန် စီစဉ်ထားကြောင်း အောက်တိုဘာ ၂၂ ရိုက်တာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ပူးတွဲဆိုက်ဘာ အရန်တပ်ဖွဲ့ ဖွဲ့စည်းရေး အစီအစဉ်ကို ဗြိတိန် အစိုးရက စက်တင်ဘာလ တွင်ထုတ် ပြန်ကြေညာ ခဲ့ပြီး ဖြစ်သည်။ ပေါင် သန်း ၅ဝဝ ကျခံ သုံးစွဲမည့် အစီအစဉ်အရ ကာကွယ်ရေး ၀န်ကြီးဌာန သည် အမြဲတမ်း စစ်ဘက် တပ်ဖွဲ့ဝင်များ နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ကွန်ပျူတာ ပညာရှင် ရာပေါင်း များစွာကို စုဆောင်းရန် စီစဉ်လျက် ရှိသည်။ အဆိုပါ ဆိုက်ဘာ တပ်ဖွဲ့သည် နိုင်ငံ၏ ကွန်ပျူတာ ကွန်ရက် နှင့် အရေးကြီး သတင်း အချက်အလက် များကို ကာကွယ်၍ လိုအပ်လျှင် တန်ပြန် ဆိုက်ဘာ တိုက်ခိုက်မှု လုပ်ငန်းများ လုပ်ဆောင် သွားမည် ဖြစ်သည်။


ကာကွယ်ရေး ဝန်ကြီး ဖီလစ်ဟန်မွန်း က ပြစ်ဒဏ် ကျခံနေရသော ဟက်ကာများ ကိုလည်း အလုပ် ခန့်အပ် နိုင်ဖွယ်ရှိကြောင်း ၊ ထိုသို့ အလုပ် ခန့်အပ်ရေး အတွက် ၄င်းတို့ ကျူးလွန်သည့် ပြစ်မှုကို လေ့လာ သုံးသပ် သွားမည် ဖြစ်ကြောင်း နှင့် ၄င်းတို့အား အလုပ် ခန့်အပ်ရေး ၊ မခန့်အပ်ရေး ဆုံးဖြတ်ချက် ကိုမူ ၄င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှု အမျိုးအစား ၊ ပြစ်ဒဏ် သက်တမ်းကာလ တို့ပေါ် မူတည်၍ စဉ်းစား သုံးသပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment