Pages

Wednesday, October 30, 2013

လေးနိုင်ငံ နယ်စပ်ဖြတ်ကျော် ကားမောင်းပြိုင်ပွဲ ပုံတောင်လမ်း တွင် တစ်ညအိပ်ရပ်နားခဲ့ရ



ရန်ကုန် ၊ ၃၀-၁၀-၂၀၁၃

မြန်မာနိုင်ငံ မင်္ဂလာ ရှုခင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံ အခြေစိုက် Trans Route ကုမ္ပဏီတို့ ပူးပေါင်း ပြုလုပ်သည့် ချစ်ကြည်ရေး နယ်စပ် ဖြတ်ကျော် ခရီးသွား ကားမောင်း ပြိုင်ပွဲ၌ လိုက်ပါ လာကြသော ကားတချို့ မုံရွာ - ပုလဲ - ဂန့်ဂေါ ကားလမ်း ပုံတောင်နတ်ထိပ် တွင် မိုးရွာသွန်းမှု အလွန် များပြားပြီး ယာဉ်များ ပိတ်ဆို့ နေသည့်အတွက် (ပုံ) တစ်ညအိပ် ရပ်နား ခဲ့ရကြောင်း လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေး နေသည့် ရဲဝန်ထမ်း တစ်ဦးထံက သိရသည်။

ယခုလ ၂၃ ရက်ညပိုင်း တွင် အဆိုပါ ချစ်ကြည်ရေး ယာဉ်တန်းသည် ပုံတောင် နတ်ထိပ်သို့ ရောက်ရှိ လာသော်လည်း တောင်ပေါ် လမ်းရှိ အတက်ကား နှင့် အဆင်းကားများ ပိတ်ဆို့နေသည့် အတွက် ညအိပ် ခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် ခရီးသွား ကားမောင်း အဖွဲ့သည် ပြီးခဲ့သည့် လ ၉ ရက်ခန့်က စင်ကာပူ နိုင်ငံမှ စတင်ထွက်ခွာ လာခဲ့ပြီး မလေးရှား နိုင်ငံသား ၄၅ ဦး ၊ စင်ကာပူ နိုင်ငံသား ၇ ဦး ၊ ပြင်သစ် နိုင်ငံသား ၂ ဦး ၊ ချက်နိုင်ငံသား ၂ ဦး ၊ သြစတြေးလျ နိုင်ငံသား ၃ ဦး ၊ ဘရူနိုင်း နိုင်ငံသား တစ်ဦး ၊ ဂျာမဏီ နိုင်ငံသား ၂ ဦး ၊ အမျိုးသား ၄၂ ဦး နှင့် အမျိုးသမီး ၂၀ ဦး စုစုပေါင်း  ၆၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။


ချစ်ကြည်ရေး ခရီးသွားအဖွဲ့ ကြီးသည် ပြိုင်ကား ၂၁ စီးနှင့် ဆိုင်ကယ် နှစ်စီးပါဝင်ပြီး အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ် မိုးရေးမြို့ မှ တစ်ဆင့် နယ်စပ် ဖြတ်ကျော်ကာ မြန်မာနိုင်ငံ တမူးမြို့ သို့ ဝင်ရောက် မောင်းနှင် လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခရီးသွား အဖွဲ့သည် စင်ကာပူ နိုင်ငံမှ စတင်ထွက်ခွာ လာခဲ့ပြီးနောက် မလေးရှားနိုင်ငံ ၊ လာအိုနိုင်ငံ ၊ ဘူတန်နိုင်ငံ ၊ နီပေါနိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့ပါဝင်ကြောင်း ထိုသူတို့၏ ပြောကြားချက် များ အရ သိရှိရသည်။

No comments:

Post a Comment