Pages

Thursday, October 3, 2013

ရေဘေးသင့် ပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်



ကလေး ၊ ၃-၁၀-၂၀၁၃


ချင်းပြည်နယ် ကလေးမြို့နယ် အတွင်း စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံ ဖြစ်ပွားမှုကြောင့် ရေဘေး ကယ်ဆယ်ရေး စခန်း အသီးသီးတွင် ခေတ္တ ပြောင်းရွှေ့ နေထိုင် ကြသည့် အိမ်ထောင်ငစု ၆၃၄ စု ၊ လူဦးရေ ၂၁၆၂ ဦးတို့အား ကလေး တပ်နယ်မှ ဗိုလ်မှူးချုပ် အောင်သူဦး နှင့် တပ်ရင်း/ တပ်ဖွဲ့များ ၊ ဌာနဆိုင်ရာ များ စုပေါင်း၍ ဆန် နှင့် စားသောက် ဖွယ်ရာများ ပေးအပ်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီတွင် ကလေးမြို့ အမှတ်(၃) အခြေခံ ပညာ မူလတန်း ကျောင်း၌ ပြုလုပ်ရာ ရေဘေးသင့် ပြည်သူများ အတွက် ဆန် ၃၀ အိတ် ၊ ခေါက်ဆွဲခြောက် ၃၀ ဖာ ၊ ဆား ၄၀၀ ထုပ် ၊ ကော်ဖီမစ် အထုတ်ကြီး ၂၀ ထုပ် ပေးအပ် ခဲ့ကြောင်း နှင့် နယ်မြေခံ တပ်မတော် ဆေးတပ်ရင်း မှ ဆေးကုသရေး အဖွဲ့များက ရေဘေးသင့် ပြည်သူ များအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment