Pages

Wednesday, October 30, 2013

ကျိုင်းတုံ၌ တရားမဝင်ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ





ကျိုင်းတုံ ၊ ၃၀-၁၀-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ - မိုင်းလား ကားလမ်း ယမ်းလှကျေးရွာ အနီးတွင် အောက်တိုဘာ  ၂၈ ရက် နံနက်ပိုင်းက တရားမဝင် ကျွန်းသစ်ခွဲသား ၁၉ တန်ခန့် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ တရားမဝင် ကျွန်းသစ် ခွဲသားများ တင်ဆောင် လာကြောင်း သတင်းအရ ရှမ်းပြည်နယ် (ကျိုင်းတုံ) သစ်တော ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်သိန်း ၊ ဦးစီးအရာရှိ ဦးအောင်နိုင်ဝင်း ၊ တောအုပ်ကြီး ဦးစိုင်းမုန့် ၊ တောအုပ် ဦးလင်းအောင် ၊ တောအုပ် ဦးဆန်းနိုင် တို့ ပါဝင်သော  ပြည်နယ် ဖမ်းဆီးရေး အဖွဲ့ သည် အောက်တိုဘာ ၂၈ ရက် နံနက် ၄ နာရီ ၁၅ မိနစ် ခန့်တွင် ကျိုင်းတုံ - မိုင်းလား ကားလမ်းရှိ ယမ်းလှရွာ အနီးတွင် စောင့်ဆိုင်း နေစဉ် မသင်္ကာဖွယ် ကုန်တင်ယာဉ် နှစ်စီး မောင်းနှင် လာသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းမင်းသန့် အဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေး ခဲ့သည်။ 

စစ်ဆေးစဉ် ဖုံးကုန်များဖြင့် အုပ်၍ တင်ဆောင် လာသော ယာဉ်မောင်း ဦးတင့်လွင် မောင်းနှင်သည့် နီဆန်းဒီဇယ် ၁ဝ ဘီးယာဉ် အမှတ် ၃ခ/၇၈၈၃ မှ တရားမဝင် ကျွန်းသစ် ခွဲသားများ နှင့် ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်သည့် နီဆန်းဒီဇယ် ၁၂ ဘီးယာဉ် အမှတ် ၈ဇ/၃၃၁၉ မှ တရားမဝင် သစ်မာ ပိတောက်များ ၊ စုစုပေါင်း ယာဉ်နှစ်စီး နှင့် သစ်ခွဲသား မျိုးစုံ ၁၈ ဒသမ ၁၆၁ တန်ခန့်အား တွေ့ရှိသဖြင့် ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ခင်ဦး ၊ ကျိုင်းတုံ မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးစိုးလွင်သူ နှင့် သစ်တော ဝန်ထမ်းအဖွဲ့များ အား ဆက်သွယ် ခေါ်ယူ၍ လိုအပ်သည့် အသေးစိတ် တိုင်းတာ စစ်ဆေးခြင်း များ ဆောင်ရွက် ခဲ့သည်။ 

သို့ဖြစ်၍ တရားမဝင် သစ်ခွဲသားများ နှင့်အတူ ဖမ်းဆီး ရမိသူ ဦးအောင်မင်း ၁၉ နှစ် (ဘ) ဦးမောင်မောင် ခိုလန်ရွာ ၊ နန့်ဆန်မြို့ နေသူ နှင့် ဦးတင်လွင် ၄၇ နှစ် (ဘ)ဦးချစ်ပို ယန်းခမ်းရွာ ၊ ကျိုင်းတုံမြို့ နေသူုတို့အား ကျိုင်းတုံ မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment