မိတ္ထီလာ ၊ ၈-၁၀-၂၀၁၃
မိတ္ထီလာမြို့ အင်ကြင်းစု ဘူတာ နှင့်
ရေချိုဘူတာ အကြားရှိ မြင်းခြံ - မိတ္ထီလာ - သာစည် မီးရထား လမ်းပိုင်း မိုင်တိုင်အမှတ်
၃၂၉/ ၃-၄ အကြား ၊ တံတား အမှတ် ၅၇ ချောင်းရေ တိုက်စားမှု ကို တိုင်းအမှတ် ၁၀ မြို့ပြ
အင်ဂျင်နီယာ အငယ်တန်း အင်ဂျင်နီယာ ဦးဆန်းနိုင် နှင့် ၀န်ထမ်းများ ပြင်ဆင် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
" စက်တင်ဘာလ ၂၇ ၊ ၂၈ နဲ့ ၂၉ ရက်တွေက
မိုး အဆက်မပြတ် ရွာသွန်းတာမို့ တံတား အောက်ခြေ အုတ်ခုံနဲ့ အုတ်ခုံ ပတ်ဝန်းကျင် က မြေသားတချို့
ပြိုကျ ပျက်စီး သွားတယ် ၊ ဒါကြောင့် မီးရထား ခရီးစဉ် မပျက် ဖြတ်သန်း သွားလာနိုင်ဖို့
ကြိုးစား ပြင်ဆင် နေတာပါ ၊ လောလောဆယ်လည်း မီးရထား ကို ဖြတ်သန်းခွင့် ပြုထား ပါတယ် ၊
တံတား အနီးရောက်ရင် တော့ ဖြည်းဖြည်းပဲ မီးရထား ခုတ်မောင်း စေပါတယ် ... " ဟု အဆိုပါ
အငယ်တန်း အင်ဂျင်နီယာ က ပြောကြား ကြောင်း သိရှိရသည်။ (၁၄၇)
No comments:
Post a Comment