Pages

Saturday, October 19, 2013

ရန်ကုန် - ကျိုက်ထီးရိုး အဲယားကွန်း အမြန်ရထား စီးနင်းလိုသော နိုင်ငံခြား ဧည့်သည်များ ပတ်စ်ပို့ ပြသ၍ လက်မှတ် ကြိုတင် ၀ယ်ယူနိုင်



ရန်ကုန် ၊ ၁၉-၁၀-၂၀၁၃

မကြာမီက ပြေးဆွဲ ပေးလျက် ရှိသည့် ရန်ကုန် - ကျိုက်ထီးရိုး အဲယားကွန်း အမြန်ရထား တွင် စီးနင်း လိုက်ပါ လိုသော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် ပတ်စ်ပို့ ပြသ၍ ကြိုတင် လက်မှတ်များ ၀ယ်ယူ နိုင်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ အမြန်ရထား ကို စက်တင်ဘာ ၇ ရက်မှ စတင် ပြေးဆွဲခဲ့ပြီး ပြည်တွင်း ခရီးသွားများ အပါအ၀င် နိုင်ငံခြားသား ဧည့်သည် များလည်း စီးနင်းမှု ပိုများ ခဲ့ကြောင်း ၊ ယင်းအတွက် ပြေးဆွဲမှု တိုးမြှင့်နိုင်ရေး စီစဥလျက် ရှိပြီး ပွင့်လင်း ရာသီအတွင်း ခရီးသွား ဦးရေ ပိုမို များပြား လာနိုင်ကြောင်း နှင့် လက်ရှိ ကောက်ခံ နေသော စီးနင်းခ များကို လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

" စီးနင်းခ တွေကို လျှော့ချလို့ မရသေးဘူး ၊ စမ်းသပ် ပြေးဆွဲကာလ လို့ ဆိုရမှာပ ၊ ဒီကာလ မှာတောင် စီးနင်းသူ များတာ ပွင့်လင်း ရာသီဆို ပိုများလာမှာ ၊ နိုင်ငံခြား ဧည့်သည် တွေအတွက် အထူး အစီအစဉ် တွေ လုပ်ဆောင် ပေးဖို့ ရှိပါတယ် ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

အဲယားကွန်းပါ အမြန်ရထား ခရီးစဉ် အတွက် စီးနင်းခ အနေဖြင့် ရန်ကုန် မှ ကျိုက်ထို အထိ ငွေကျပ် ၃၅၀၀ သတ်မှတ် ထားပြီး နိုင်ငံခြားသား ခရီးသွား များကို စီးနင်းခ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ သတ်မှတ် ထားကြောင်း ၊ ထို့အပြင် နိုင်ငံခြား ခရီးသွားများ နည်းတူ ပြည်တွင်း ခရီးသွား များ အနေဖြင့်လည်း ရန်ကုန် ဘူတာတွင် အထက်တန်း ကြိုတင် လက်မှတ်ယူ၍ ခရီးသွားမည့် သူ အပါအ၀င် လက်မှတ် ၅ စောင်အထိ နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြသ၍ ကြိုတင် ၀ယ်ယူ နိုင်ကြောင်း သိရသည်။


ထို့အပြင် စတင် မထွက်ခွာမီ ၁၅ မိနစ် အလိုအထိ စီးနင်း လက်မှတ် ၀ယ်ယူနိုင်ပြီး ကျိုက်ထီးရိုး ဘုရားဖူး ကာလများ၌ ၀န်ဆောင်မှု တိုးမြှင့်မည် ဖြစ်ကြောင်း ခရီးစဉ် ကြာမြင့်ချိန် သည် ၄ နာရီခန့် ရှိပြီး ခရီးစဉ် အတွင်း ခရီးသည် ဦးရေ ၃၃၀ ကျော် တင်ဆောင် နိုင်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment