Pages

Friday, October 18, 2013

တရုတ်နိုင်ငံ က ကုန်း - ရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောများကို အဆင့်မြှင့်တင် မည်



ပေကျင်း ၊ ၁၈-၁၀-၂၀၁၃

တရုတ်နိုင်ငံ သည် ဂျပန်နိုင်ငံ နှင့် ပိုင်နက် နယ်မြေ အငြင်းပွား လျက်ရှိသော ဒိုင်အိုယု (ဆန်ကာကူ) ကျွန်းစုများနှင့် ပတ်သက်၍ ဖြစ်ပေါ် လာနိုင်သော ကုန်း ၊ ရေနှစ်သွယ် စစ်ဆင်ရေး အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် Type 071 အတန်းအစား ခေတ်မီ ကုန်း ၊ ရေ နှစ်သွယ် သယ်ယူ ပို့ဆောင်ရေး သင်္ဘောများ တည်ဆောက်ရန် ရှန်ဟိုင်းရှိ Jiangnan သင်္ဘောကျင်းကို ကန်ထရိုက် ပေးအပ် ထားကြောင်း အောက်တိုဘာ ၁၇ ရက် ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

တရုတ်ရေတပ် ၌လက်ရှိ အသုံးပြု နေသော ကုန်း ၊ ရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောများသည် Type 726 Yuyi အတန်းအစား ကမ်းထိုး ရေယာဉ် ၄ စီးသာ သယ်ဆောင် နိုင်စွမ်း ရှိကြောင်း ၊ ထို့ကြောင့် ခေတ်မီကုန်း ၊ ရေနှစ်သွယ် သယ်ယူ ပို့ဆောင်ရေး သင်္ဘောကို ကမ်းထိုး ရေယာဉ် ၆ စီး အထိ သယ်ဆောင် နိုင်ရန်အတွက် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း သိရသည်။ မူလသင်္ဘော၏ အလေးချိန် သည် တန်ချိန် ၂၈,ဝဝဝ ရှိပြီး အဆင့်မြှင့် တင်ပြီးပါက တန်ချိန် ၃ဝ,ဝဝဝ ကျော် ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယူကရိန်း နိုင်ငံသည် ၄င်း၏ Zubr အတန်းအစား ကမ်းထိုးရေယာဉ် ၏ အသေးစိတ် ပုံစံအား တရုတ်နိုင်ငံသို့ ထောက်ပံ့ ပေးအပ်ရန် သဘော တူညီခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံထုတ် ကမ်းထိုး ရေယာဉ်၏ အသေးစိတ် ပုံစံကို ရယူကာ ပြည်တွင်းလုပ် Type 726 အတန်းအစား ကမ်းထိုး ရေယာဉ်တွင် အစားထိုး အသုံးပြုနိုင်ရန် ကမ်းထိုး ရေယာဉ်သစ် ကို ဒီဇိုင်းရေးဆွဲ ၍ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment