Pages

Wednesday, October 23, 2013

အမေရိကန် ၏ ကြွေးမြီများ အနက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၇ ထရီလီယံ ကို တရုတ်နိုင်ငံက ချုပ်ကိုင်ထားခြင်း


ပေကျင်း ၊ ၂၃-၁၀-၂၀၁၃

တရုတ်နိုင်ငံ သည် အမေရိကန် ကြွေးမြီများကို ချုပ်ကိုင် ထားသော ပြည်ပနိုင်ငံ များအနက် ကြွေးမြီ အများဆုံး ချုပ်ကိုင် ထားသော နိုင်ငံအဖြစ် ဆက်လက် ရပ်တည် နေကြောင်း နှင့် ၂ဝ၁၃ ခုနှစ် ဇူလိုင်လ အထိ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၇ ထရီလီယံ ကို ချုပ်ကိုင် ထားပြီး ရုရှားနိုင်ငံက ချုပ်ကိုင် ထားသော ကြွေးမြီ ပမာဏထက် ၁ဝ ဆ ပိုမိုများပြား ကြောင်း တရုတ်နိုင်ငံရှိ Money Week မဂ္ဂဇင်း တစ်စောင်က ဖော်ပြခဲ့သည်ဟု အောက်တိုဘာ ၂၂ ရက် ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အမေရိကန် ကြွေးမြီ များကို ချုပ်ကိုင် ထားသော ပြည်ပနိုင်ငံ များတွင် တရုတ် ၊ ဂျပန် ၊ ကာရစ်ဘီယံ ဘဏ်စင်တာများ ၊ ရေနံ တင်ပို့သည့် နိုင်ငံများ ၊ ဘရာဇီး ၊ ထိုင်ဝမ် ၊ ဆွစ်ဇာလန် ၊ ဘယ်လ်ဂျီယံ ၊ ဗြိတိန် ၊ လူဇင်ဘတ် နှင့်
ရုရှားနိုင်ငံ တို့ ပါဝင်သည်။ အဆိုပါ နိုင်ငံများ အနက် အများစုမှာ မေလတွင် အမေရိကန် ကြွေးမြီများကို ရောင်းချ ခဲ့သော်လည်း တရုတ် နိုင်ငံမှာမူ မရောင်းချဘဲ ဆက်လက် ချုပ်ကိုင် ထိန်းသိမ်းခဲ့ပြီး ၄င်း၏ အမေရိကန် ကြွေးမြီ ချုပ်ကိုင်မှုကို အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၂ ဘီလီယံ အထိ တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ သို့သော် မေလ နောက်ပိုင်းတွင် ၄င်း၏ကြွေးမြီ ချုပ်ကိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၅ ဘီလီယံ လျော့ကျ သွားခဲ့ကြောင်း သိရသည်။


တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြား အရန်ငွေမှာ စက်တင်ဘာ လကုန် အထိ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံ ကျော် ရှိကြောင်း သတင်းများအရ သိရှိရသည်။

No comments:

Post a Comment