Pages

Saturday, September 7, 2013

ဝင်ငွေနည်းပြည်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရေး နှစ်ရှည် ချေးငွေစနစ် နှင့် Financial စနစ်များ အသုံးပြုမည်


ရန်ကုန် ၊ ၇-၉-၂၀၁၃

မြန်မာနိုင်ငံ အတွင်း ဝင်ငွေနည်း ပြည်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရေး အတွက် နှစ်ရှည် ချေးငွေစနစ် နှင့် Financial စနစ်များ အသုံးပြု လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် အများပိုင် ကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ စနစ်များသည် ဝင်ငွေနည်း ပြည်သူများ အတွက် ချေးငွေယူရာတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ကြောင့် အကောင် အထည်ဖော် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း ၊ ယင်း လုပ်ဆောင်မည့် စီမံကိန်း နှင့် စနစ် အမြန်ဆုံး ဖော်ဆောင် နိုင်ရေးအတွက် ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ကို ထူထောင်ခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်က ၄င်း ကုမ္ပဏီ လီမိတက် ဖွင့်ပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် က ပြောကြားခဲ့သည်။

'' နိုင်ငံတကာ မှာလည်း အသုံးပြုနေတဲ့ စနစ်တွေ ဖြစ်ပါတယ် ၊ အိမ်ရာတစ်ခု တည်းသာမက အခြား သက်ဆိုင်ရာ ကိစ္စတွေ အတွက်ပါ ပေါ်ပေါက် လာရင် အရမ်းကို ဖွံ့ဖြိုး တိုးတက် လာမှာပါ ၊ နိုင်ငံအတွက် အရမ်း ကောင်းပါတယ် ၊ မကြာမီ ကာလ အတွင်းမှာ ပြည်သူ့ အကျိုးကို ကုမ္ပဏီ အနေနဲ့ ဖော်ဆောင် ပေးနိုင် တော့မှာပါ .... " ဟု အဆိုပါ ကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ က ပြောကြား ခဲ့သည်။

ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်ခွဲများ ဖွင့်လှစ် နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည့် ၄င်းကုမ္ပဏီ လီမိတက်ရုံး ခန်းဖွင့် သည့်နေရာ၌ ဘဏ်ခွဲဖွင့်လှစ် နိုင်ရန် စီစဉ်နေကြောင်း ၊ ယင်းအတွက် အသေးစိတ် အချက်အလက် များပြင်ဆင် နေပြီး ဘဏ်ခွဲဖွင့်ပြီး ပါက အစုရှယ်ယာ များကို အနိမ့်ဆုံး ငေါကျပ် ၁၀၀၀၀ ဖြင့် အစုရှယ်ယာ ငွေကျပ် ၁ဝ သိန်း
အထိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။


ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းတွင် ပုဂ္ဂလိက ပြည်တွင်း လုပ်ငန်းရှင်များ ၊ ပြည်ပလုပ်ငန်း ရှင်များ ၊ ပုဂ္ဂလိက နှင့် အစိုးရ ၀န်ထမ်းများ လည်း အစုရှယ်ယာများ ဝယ်ယူ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment