Pages

Friday, September 27, 2013

မြန်မာ့ ငါးမြစ်ချင်း Export အရွယ်အစား ရှားပါး လာသောကြောင့် ပြည်ပတင်ပို့မှု လျော့ကျသွားနိုင်


ရန်ကုန် ၊ ၂၇-၉-၂၀၁၃

မြန်မာ့ ငါးမြစ်ချင်း Export ပို့သည့် အရွယ်အစား ရှားပါးသည့် အခက်အခဲ ကြုံတွေ့နေရ သဖြင့် ပြည်ပ တင်ပို့မှု လျော့ကျ သွားနိုင် ကြောင်း ပြည်ပ နိုင်ငံများသို့ ငါးမြစ်ချင်း Export တင်ပို့ နေသူများ ထံက သိရသည်။

'' အခု ဈေးကွက်ထဲမှာ ပြည်ပသို့ Export တင်ပို့နေတဲ့ နှစ်ပိဿာခွဲ ငါးမြစ်ချင်း အရွယ်အစား တွေက ရှားနေတယ် ၊ အကောင်ကြီး တွေက လိုသလောက် မရဘူး ၊ အဲဒီ ငါးအရွယ်အစား တွေကို အလုအယက် ဝယ်ယူနေ ကြရတယ် ၊ ငါးဒိုင်တွေမှာ ငါးအကောင်ကြီး တွေ ကုန်ခါနီး ကျရင် အပြိုင်အဆိုင် ဈေးပေး ဝယ်ယူ နေကြတယ် ... ..'' ဟု မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြား ခဲ့သည်။

ကမ္ဘာပေါ်တါင် ငါးမြစ်ချင်း Export တင်ပို့မှု အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ပြီး ယခုအခါ ငါးမြစ်ချင်း မွေးမြူသူ များက ငါးအစာ ဈေးနှုန်း ကြီးမြင့်မှု ကြောင့် ငါးများကို အကောင်ကြီး များ ရရှိသည်အထိ မထားရှိ တော့ဘဲ ၃ဝ သား၊ ၄ဝ သား အရွယ်များ ရောက်လျှင် ဈေးကွက် အတွင်းသို့ ရောင်းချလျက် ရှိသည်။ ငါးဈေးကွက် အတွင်း ငါးမြစ်ချင်း ခြစ်သားများမှာ စားသုံးသူများ အကြိုက်တွေ့ နေပြီး ဈေးကွက် အတွင်း တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ အထိ ဈေးမြင့် ရရှိနေသည်။


Export တင်ပို့သည့် ငါးမြစ်ချင်း အရွယ်အစား ငါးကြီးများမှာ ရှားပါးလာ ခြင်းကြောင့် ဈေးနှုန်း မြင့်မား လာကြောင်း ၊ ငါးမြစ်ချင်း များကို ၃ဝ သား ၊ ၄ဝ သားအရွယ်တွင် မရောင်းဘဲ Export အရွယ်အစား ဖြစ်သည့် နှစ်ပိဿာ အရွယ်တွင် ရောင်းချပါက ဈေးကောင်း ရ၍ ပိုမို တွက်ခြေကိုက် မည် ဖြစ်ကြောင်း ၊ မွေးမြူသူများ အတွက် ငွေကြေး လိုအပ်ချက်ကို တာဝန်ရှိ သူများက အကူအညီ ပေးစေလို ကြောင်း ၊ အသားဈေးနှုန်း ကြီးမြင့်မှု ကိုလည်း ထိန်းချုပ်ပေး စေလိုကြောင်း ၄င်းက အခက်အခဲ များကို ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment