Pages

Thursday, September 12, 2013

ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများ ဆောက်လုပ်ရန် အိန္ဒိယအစိုးရမှ အမေရိကန် ဒေါ်လာ ၁၀ သန်း လှူဒါန်း


ရန်ကုန် ၊ ၁၂-၉-၂၀၁၃

ရခိုင်ပြည်နယ် အတွင်း ပညာရေး ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်လျက် ရှိသော စာသင်ကျောင်းများ တည်ဆောက်ရန် အိန္ဒိယနိုင်ငံ မှ အမေရိကန် ဒေါ်လာ ၁၀ သန်း လှူဒါန်း ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တည်ဆောက် ပြုပြင်မှုတွင် ရခိုင်ပြည်နယ် အတွင်း သတ်မှတ်စံချိန် စံညွှန်း ကိုက်ညီမှု မရှိသော စာသင်ကျောင်း များကို ဆောက်လုပ် သွားမည် ဖြစ်ကြောင်း လုပ်ငန်းစဉ် အတွက် အရည်အသွေး စိစစ်ခြင်း နှင့် သုံးသပ် အကဲဖြတ်ခြင်း လုပ်ငန်းစဉ် များကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ ပြည်နယ် အစိုးရအဖွဲ့ ၊ သက်ဆိုင်ရာ သံရုံးမှ ကိုယ်စားလှယ် များနှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

" နှစ်ဘက် လူ့အဖွဲ့အစည်း များအတွက် စာသင်ကျောင်း ဆောက်ဖို့ လှူဒါန်း တာပါ ၊ အရမ်းကောင်း ပါတယ် ၊ ရခိုင်ပြည်နယ် အတွင်းမှာ စာသင်ကျောင်း လိုအပ်ချက်တွေ ရှိနေပါတယ် ၊ ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း တွေတိုင်ပင်ပြီး အကောင်းဆုံး ဖြစ်လာဖို့ စီစဉ် နေပါတယ် ... '' ဟု ၄င်းက ပြောကြား ခဲ့သည်။


ရခိုင်ပြည်နယ် စာသင်ကျောင်းများ တည်ဆောက်ရန် ရရှိသော အလှူငွေ အမေရိကန် ဒေါ်လာ ၁ဝ သန်းကို ကျောင်း ၁၀ ကျောင်း အတွက် ရည်ရွယ်ကြောင်း ၊ စစ်တွေမြို့ရှိ အခြေခံပညာ အလယ်တန်း (တွဲဖက်) သက္ကယ်ပြင် ကုန်းကျောင်း ၊ အခြေခံပညာ မူလတန်း ရွှေပြည်သာ ကျောင်း ၊ ဆတ်ရိုးကျ မူလတန်း လွန်ကျောင်း ၊ အခြေခံပညာ မူလတန်း ကျောက်တန်ကြီး ၊ မောင်တောမြို့ ရှိ အခြေခံပညာ မူလတန်း လှဖိုးခေါင် ကျောင်း ၊ အခြေခံပညာ မူလတန်း ဗျူဟာကုန်း ကျောင်း ၊ အခြေခံပညာ မူလတန်း သက္ကယ်ပြင်ကျောင်း ၊ မင်းပြားမြို့ ရှိ အခြေခံပညာ အထက်တန်း (ခွဲ)တစ်ကျောင်း နှင့် ကျောက်တော် မြို့ရှိ အခြေ ခံပညာ မူလတန်း ရုပ်သားကျောင်း တို့ဖြစ် ကြကြောင်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment