Pages

Thursday, September 19, 2013

တာမွေမြို့နယ် မှ သိန်းနှစ်ရာကျော် ခိုးမှုတရားခံများ ဖမ်းမိပြီ


ရန်ကုန်  ၊ ၁၉-၉-၂ဝ၁၃

တာမွေမြို့နယ် ၊ ကျားကွက်သစ် ရပ်ကွက် ၊ မလွှကုန်းလမ်း နေ ဒေါ်ညိုသည် ၄င်းပိုင် သံကွင်းဆက် ရွှေဆွဲကြိုး အလေးချိန် ငါးကျပ်သား တစ်ကုံး ( တန်ဖိုး ငွေကျပ် ၃၄သိန်း ) ၊ ရွှေပုလဲအား စိန်ကွပ် ထားသည့် ဆွဲသီးတစ်ခု ( တန်ဖိုး ငွေကျပ် ၃သိန်း ) ၊ ကျောက်စိမ်း ဘယက်တစ်ကုံး ( တန်ဖိုး ငွေကျပ်သိန်း ၂ဝဝ ) စုစုပေါင်း ငွေကျပ် ၂၃၇ သိန်းတို့ကို အိပ်ယာဘေးတွင် အမြဲထား ရှိသည့် စလင်းဘတ်အိတ် အတွင်း ထည့်ထား ခဲ့ရာမှ ၂ဝ၁၃ခုနှစ် ၊ စက်တင်ဘာ ၈ ရက်နေ့တွင် အလှူသွားရန် အတွက် လက်ဝတ် ရတနာများအား ကြည့်ရှုရာ ပျောက်ဆုံး နေသဖြင့် တာမွေမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိ သူများသည် တာမွေမြို့မ ရဲစခန်းမှ နယ်ထိန်း အရာရှိ အဖွဲ့နှင့် ပူးပေါင်းပြီး အမှုမှ တရားခံ ဖော်ထုတ်နိုင်ရေး အတွက် အခင်းဖြစ်ရပ် စစ်ဆေးခြင်း ၊ တရားလို စစ်ဆေးခြင်း များဆောင်ရွက် ခဲ့ရာ ဒေါ်ညိုနှင့် ခင်မင်ရင်းနှီးပြီး နေအိမ်သို့ ဝင်/ထွက် သွားလာဖူး သည့် ခန့်ဇော်ဦး (ခ) ကိုခန့်နှင့် မိသားစု သည် စက်တင်ဘာ ၃ ရက်နေ့မှ စ၍ နေအိမ်တွင် လာရောက် တည်းခို နေထိုင်ခဲ့ပြီး နောက်ပိုင်း ရွှေထည် ပစ္စည်းများ ပျောက်ဆုံး နေခြင်း ဖြစ်ကြောင်း နှင့် ခန့်ဇော်ဦး (ခ) ကိုခန့်သည် မန္တလေးမြို့ သို့ သူငယ်ချင်း များနှင့် သွားရောက်ကာ ငွေကြေးများ သုံးဖြုန်း နေကြောင်း သတင်းရရှိ သဖြင့် ခန့်ဇော်ဦး (ခ) ကိုခန့်နှင့် အတူလိုက်ပါ သွားသည့် ဝဏ္ဏကျော် ကိုင်ဆောင်သည့် ဖုန်း၏တည် နေရာကို စုံစမ်း ဆောင်ရွက်ခဲ့ ရာမှ တရားခံ ခန့်ဇော်ဦး (ခ) ကိုခန့်သည် မန္တလေးမြို့ ၊ တိမ်ဖြူ တည်းခိုခန်း တွင် တည်းခို နေထိုင်လျက် ရှိကြောင်း သိရသည်။

ဆက်လက်၍ မန္တလေး အမှတ်(၃) နယ်မြေ ရဲစခန်းမှ စခန်းမှူး နှင့် ချိတ်ဆက် ဆောင်ရွက် ခဲ့ရာမှ စက်တင်ဘာ ၁ဝ ရက်နေ့ ည ၇ နာရီတွင် တရားခံ ခန့်ဇော်ဦး (ခ) ကိုခန့် (၂ဝ)နှစ် (ဘ)ဦးအေးလွင် ( အမှတ်-၉၁ သင်္ဂဟလမ်း ၊ (၅)ရပ်ကွက် ၊ ဝေဘာဂီ မြို့သစ် ၊ မြောက်ဥက္ကလာပ မြို့နယ် နှင့် သူငယ်ချင်း ဝဏ္ဏကျော် (၁၉)နှစ် (ဘ)ဦးကျော်သူရ အမှတ်(၃၄) ၊ ၃-လွှာ ၁၂ဝလမ်း ၊ ရေတွင်းကုန်း ရပ်ကွက် ၊ မင်္ဂလာ တောင်ညွန့် မြို့နယ်  ၊ ကျော်ထက်အောင် (ခ) ဂျစ်တူး (၁၉)နှစ် (ဘ)ဦးဖေဝင်း အခန်း(၇/က) ၊ တိုက်(၆/၈) ၊ ဗျိုင်းရေအိုး စင်လမ်း ၊ တာမွေ မြို့နယ်တို့ သုံးဦးအား မန္တလေးမြို့ တိမ်ဖြူ တည်းခိုခန်း တွင် အမှုမှ သက်သေခံ ပစ္စည်း အချို့နှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

တရားခံ ခန့်ဇော်ဦး (ခ) ကိုခန့်သည် စက်တင်ဘာ ၃ ရက်နေ့တွင် ၄င်းနှင့် ခင်မင်ရင်းနှီး သည့် တာမွေမြို့နယ် ၊ ကျားကွက်သစ် ရပ်ကွက် ၊ မလွှကုန်းလမ်း ၊ အမှတ်(၄၃)ရှိ ဒေါ်ညို၏ နေအိမ်တွင် တည်းခို နေထိုင်စဉ် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်း တွင် ဒေါ်ညို၏ အိပ်ရာဘေး စလင်းဘတ်အိတ် အတွင်းမှ သံကွင်းဆက် ရွှေဆွဲကြိုး တစ်ကုံး ၊ ရွှေပု လဲအား စိန်ကွပ် ထားသည့် ဆွဲသီးတစ်ခု နှင့် ကျောက်စိမ်း ဘယက်တစ်ကုံး တို့အား ခိုးယူခဲ့ကြောင်း ကျူးလွန်ပုံ ၊ ကျူးလွန်နည်း အားဖော်ထုတ် သိရှိခဲ့ ရသည်။

တရားခံ ခန့်ဇော်ဦး (ခ) ကိုခန့်ထံမှ ကျောက်စိမ်းပွင့် အကြီးအသေး အရွယ်စုံ (၁၈)လုံး ၊ ငွေကျပ် ၆၃၂ဝဝဝ ၊ အညိုရောင် ပိုက်ဆံအိတ် တစ်လုံး ၊ မန္တလေးမြို့ ၊ ချမ်းအေးသာဇံ မြို့နယ် ၇၄x၇၅/ ၃၁လမ်းရှိ ကောင်းကျော် ရွှေဆိုင်မှ ရွှေရည် (၁၃) ပဲရည် ၊ ရွှေအလေးချိန် တစ်ကျပ်လေးပဲ ခန့်ရှိ အရည်ကျို ထားသည့် ရွှေတုံး နှစ်တုံး ၊  ဦးအောင်နိုင်မိုး ( ရွှေဝယ်ရောင်း ပွဲစား ) အမှတ်(၄) ၊ ၄-လွှာ ၊ ပုလဲလမ်း ၊ ကျိုက္ကဆံ ရပ်ကွက် ၊ ဗဟန်းမြို့နယ် နေသူထံမှ ရွှေ/ကျောက် အလေးချိန် လေးပဲလေးရွေး ခန့်ရှိ ပုလဲတစ်လုံး အား စိန်ပွင့် ခြောက်ပွင့် ရံထားသည့် ဆွဲသီးတစ်ခု ၊ ရွှေရည် (၁၆)ပဲရည် ၊ ရွှေအလေးချိန် လေးကျပ် ဆယ့်တစ်ပဲ လေးရွေး ခန့်ရှိ အကယ်ဒမီ တံဆိပ် ရွှေတုံးနှစ်တုံး တို့အား ပြန်လည် သိမ်း ဆည်း နိုင် ခဲ့ပြီး တရားခံများ အား တာမွေမြို့မ ရဲစခန်းမှဆက်လက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၀န်းရံခ)

No comments:

Post a Comment