Pages

Friday, September 27, 2013

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသရှိ ရဲစခန်းတစ်ခုကို စစ်သွေးကြွများက စီးနင်းတိုက်ခိုက်ရာ လူ ၆ ဦးသေဆုံး



နယူးဒေလီ ၊ ၂၇-၉-၂ဝ၁၃

အိန္ဒိယနိုင်ငံမှ ထိန်းချုပ် ထားသော ကက်ရှ်မီးယား ဒေသ နွေရာသီ အပန်းဖြေမြို့ Srinagar ၏ တောင်ဘက် ကီလိုမီတာ ၂ဝဝ  (၁၂၅ မိုင်) ခန့်ကွာဝေးသော Kathua ခရိုင်ရှိ Hiranagara ရဲစခန်းကို  အိန္ဒိယ တပ်ဖွဲ့ဝင်များ အဖြစ် အယောင်ဆောင် ထားသော စစ်သွေးကြွ များက စက်တင်ဘာ ၂၆ ရက် ယမန်နေ့တွင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ထို့အပြင် စစ်သွေးကြွ များသည် ကုန်တင်ကား တစ်စီးကို စီးနင်း၍ Samba ခရိုင် အိန္ဒိယ စစ်အခြေစိုက် စခန်းရှိ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားကာ ဆက်လက် ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ နှင့်ပတ်သက်၍ အိန္ဒိယ စစ်ဘက် ပြောရေး ဆိုခွင့်ရှိသူ S N Acharaya က ပထမ တိုက်ခိုက်မှုတွင် လူ ၆ ဦး သေဆုံးခဲ့ပြီး ဒုတိယ တိုက်ခိုက်မှုတွင် အသေးစိတ် အချက်အလက်များ မသိရှိ ရသေးဘဲ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း ပြောကြားခဲ့သည်။


အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် ပါကစ္စတန် ဝန်ကြီးချုပ် နာဝဇ်ရှာရစ်ဖ် တို့အကြား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဘေးပန်း ဆွေးနွေးမှု အဖြစ် ယခုရက် သတ္တပတ် အကုန်တွင် တွေ့ဆုံဆွေးနွေး သွားဖွယ်ရှိကြောင်း သတင်း ထွက်ပေါ်လျက် ရှိ၍ ယခု တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်  မည်သည့် စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှု ဖြစ်သည်ကို ဖော်ထုတ် နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment