Pages

Tuesday, September 24, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ၀န်ဆောင်မှု ၌ အတွေ့အကြုံ မရှိသူများကို သင်တန်း ပေးမည်


ရန်ကုန် ၊ ၂၄-၉-၂၀၁၃

လာမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစား သမားများ အတွက် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ဝန်ဆောင်မှု များပေးရာ၌ အတွေ့အကြုံ မရှိသူများ အားလည်း သင်တန်းများ ပေး၍ ခန့်အပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းသည် နေပြည်တော်ရှိ အားကစားရွာ တွင် နေထိုင်မည့် အားကစားသမား များ၏ အစားအသောက် နှင့် နေထိုင်ရေး အတွက် တင်ဒါအောင် မြင်ခဲ့ကြောင်း ယင်းအတွက် လိုအပ်သော အလုပ်သမား အင်အား အတွက် အတွေ့အကြုံ ရှိ ဝန်ထမ်းများ အပြင် သင်တန်းသား များကိုပါ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

'' အတွေ့အကြုံ ရှိသူတွေနဲ့ သင်တန်းသား တွေကို တွဲဖက် အသုံးပြု သွားမယ် ၊ သင်တန်းသားတွေ အနေနဲ့လည်း အတွေ့အကြုံ ရရှိပြီး နောက်ပိုင်း လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင် နိုင်မှာပါ ... '' ဟု ၄င်းက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ရာ အားကစား သမားများ၏ အစားအသောက် ဧည့်ခံ ကျွေးမွေးရေး နှင့် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ကိစ္စများ ဝန်ဆောင်မှု ပေးရာ၌ (၂၆)ကြိမ်မြောက် ဆီးဂိမ်းတွင် အိမ်ရှင် အဖြစ် ကျင်းပခဲ့သော အင်ဒိုနီးရှား နိုင်ငံထက် သာလွန်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း အားကစားသမား များအား အစားအသောက် စီစဉ်ရာ၌ 4 Stars အဆင့် သတ်မှတ်၍ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာ အဆင့်ဖြင့် တစ်နေ့လျှင် (၅) ကြိမ်ကျွေး နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၃၃ နည်း ယှဉ်ပြိုင် ကြမည်ဖြစ်ရာ နိုင်ငံခြား အားကစား သမား ဦးရေ ၄၉ဝဝ ခန့်နှင့် မြန်မာ အားကစားသမား ဦးရေ ၉ဝဝ ၊ စုစုပေါင်း အားကစားသမား ဦးရေ ၅ဝဝဝ ကျော် ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment