Pages

Sunday, September 15, 2013

အဆောက်အအုံ ဆောက်လုပ်ခွင့် အင်ဂျင်နီယာ လိုင်စင်ဖြေဆို ကြမည့်သူများအတွက် ခုံနံပါတ်စာရင်း ထုတ်ပြန်ကြေညာ


ရန်ကုန် ၊ ၁၅-၉-၂၀၁၃

ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် အငယ်တန်း အင်ဂျင်နီယာ လိုင်စင် ၊ အကြီးတန်း အင်ဂျင်နီယာ လိုင်စင် နှင့် အဆောက်အအုံ အင်ဂျင်နီယာ လိုင်စင် အစရှိသည် တို့ကို လျှောက်ထား ကြသူများ အတွက် အရည်အချင်း စစ်စာမေးပွဲကို အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်း ဗိုလ်တထောင် မြို့နယ် တွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီ အတွင်း ကျင်းပရန် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျက် ရှိပြီး စာမေးပွဲ ဖြေဆိုခွင့် ရရှိကြ သူများ၏ ခုံနံပါတ်စာရင်း များကို ဆူးလေဘုရား အနီးရှိ ရန်ကုန် မြို့တော် အင်ဂျင်နီယာ ဌာန ( အဆောက် အအုံ) ရုံးရှေ့တွင် ထုတ်ပြန် ကြေညာ ပေးထားသည် ကို တွေ့ရသည်။

စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ အဆိုပါ အင်ဂျင်နီယာ ဌာန ( အဆောက်အအုံ ) ဒုတိယထပ် တွင် ထုတ်ပေးလျက် ရှိပြီး စက်တင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီအထိ လာရောက် ထုတ်ယူနိုင် ကြောင်းနှင့် စာမေးပွဲ ဝင်ကြေး ငွေကျပ် ၂ဝဝဝ ကို အဆိုပါ အဆောက်အအုံ ၄ လွှာရှိ ငွေစာရင်း ဌာနတွင် ပေးသွင်း ကြရမည် ဖြစ်ကြောင်း သိရသည်။


အင်ဂျင်နီယာ လိုင်စင် ဖြေဆိုမည့်သူ များသည် စာမေးပွဲ လာရောက် ဖြေဆို သည့်အခါ နိုင်ငံသား စိစစ်ရေး ကတ်နှင့် စာမေးပွဲ ဖြေဆိုခွင့် ကတ်တို့ကိုပါ တစ်ပါတည်း ယူဆောင် လာကြရမည် ဖြစ်ပြီး စာမေးပွဲ မစခင် မိနစ် ၃၀ ခန့်စော၍ ကြိုတင် လာရောက် ကြရမည် ဖြစ်သည်။ ထို့အပြင် စာမေးပွဲ ဖြေဆို ရမည့်နေ့တွင် စာမေးပွဲ ကျင်းပမည့် ကျောင်းဝင်း အတွင်း၌ ကားရပ်နား ခွင့် မပြုကြောင်း နှင့် ကျောင်း ပတ်ဝန်းကျင် တွင်လည်း ကားရပ်နား ရန် နေရာများ လုံလောက်မှု မရှိကြောင်း ကို သက်ဆိုင်ရာ မှ ကြိုတင် အသိပေး ကြေညာ ထားကြောင်း သိရှိရသည်။ (ဆောင်းဦး)

No comments:

Post a Comment