Pages

Thursday, September 19, 2013

မိုးကောင်းသော်လည်း မီးလောင်မှုများ ရက်ဆက်ဖြစ်ပွား


ရန်ကုန် ၊ ၁၉-၉-၂ဝ၁၃

ယခုရက်ပိုင်း များတွင် နေ့ရောညပါ မိုးများ အဆက်မပြတ် ရွာသွန်း မှုကြောင့် ဟိုနေရာ ရေကြီး ရေလျှံ ဒီနေရာ ကားလမ်း ရေကျော်မှု များဖြစ်ပွား နေကြောင်း သိရသည်။ မိုးတွင်းကြီး ရေကြီး ရေလျှံသည်မှာ မဆန်းသော်လည်း ¤င်းမိုးတွင်း မှာပင် နေ့စဉ် မီးလောင်မှု ဖြစ်ပွား နေသည်မှာ သတင်းဆန်း ဖြစ်လာသည်။

ဖြစ်စဉ်များမှာ စက်တင်ဘာ ၁၅ ရက်နေ့ ည ၈ နာရီတွင် လမ်းမတော် မြို့နယ် ၊ အမှတ်(၈၂ဝ) မြေညီထပ်ရှိ နေအိမ် နောက်ဖေး အဝတ်အထည် များထား ရှိသည့် အခန်း၌ လျှပ်စစ်မီး ပလပ်ခုံအနီး မီးကြိုးစ ဆက်ထားသည့် နေရာမှ ဝါယာရှော့ ဖြစ်ပြီး အထည် ဖြတ်စများကို မီးလောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၂ နာရီ ၂ဝ တွင် အမှတ်-၁၄ / ၈ / ၁၃၁၆ ၊ ပြည်လမ်း (၁၄)ရပ်ကွက် ၊ ရွှေပေါကံ္က မြို့သစ် ၊ မြောက်ဥက္ကလာပ မြို့နယ်နေ ဦးတင်အေး ၏ နေအိမ်ဘေး အလျား(၁၅)ပေ ၊ အနံ(၁ဝ)ပေ ၊ အမြင့်(၁၃)ပေ ခန့်ရှိ ဓနိမိုး ၊ သွပ်ကာ လောင်စာတောင့် မီးသွေး တဲရုံတွင် လောင်စာ မီးသွေးတောင့် များကို အပူပေး ထားသည့် မီးကြွင်း မီးကျန်များမှ တစ်ဆင့် ဓနိခေါင်မိုး အား မီးကူးစက်ေ လာင်ကျွမ်း ခဲ့သည်။

ယင်းနေ့ နံနက် ၆နာရီ ၃၅တွင် မရမ်းကုန်း မြို့နယ်(၁) ရပ်ကွက် ၊ စိန်ပန်းလမ်း ရှိ စိန်အကောင်းစား လက်ဖက် ခြောက်ဆိုင် ၌ေ လာင်ကျွမ်းမှု ဖြစ်ခဲ့ ပြန်သည်။ ဖြစ်ပွားပုံမှာ ပွဲရုံပိုင်ရှင် ဦးအောင်သိန်း သည် စက်တင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲချိန် ပွဲရုံအား ပိတ်စဉ် ပွဲရုံရှိ မိန်းခလုတ် အား ချထားခဲ့ သော်လည်း အသုံးပြုသော မီးဖိုအား ပိတ်မိခြင်း မရှိကြောင်း ၊ နံနက် ၆ နာရီချိန် ပွဲရုံသို့ ရောက်ရှိချိန် မိန်းခလုတ်အား ပြန်တင်၍ အသုံးပြုခဲ့ရာ မီးဖိုမှ အပူရှိန် မြင့်တက်လာပြီး အနီးရှိ ပစ္စည်းများအား လောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁ဝဝဝ နာရီတွင် လမ်းမတော် မြို့နယ် ၊ ကမ်းနားလမ်းရှိ ညောင်ပင်လေးဈေး တိုက်(အေ) ၊ (၄)လွှာ ၊ အခန်း(၄ဝ၄) New World SHWE PHI TAN Co., Ltd  ရုံးခန်း အတွင်း၌ နံရံကပ် အဲယားကွန်းမှ ဝါယာရှော့ ဖြစ်၍ လောင်ကျွမ်း ခဲ့ရသည်။ ယင်းနေ့ နံနက် ၁၁ နာရီ ၂၅ တွင် ကျောက်တံတား မြို့နယ် ၊ အမှတ်(၂) ရပ်ကွက်၊ မဟာဗန္ဓုလ ပန်းခြံလမ်း အမှတ် (၂၅၁/၃) လွှာတွင် နေအိမ်ပိုင်ရှင် ပန်းဂေါ်ဖီ ကြော်ရာမှ ဂတ်စ်ဗူး ပေါက်၍ အနီးရှိ အဝတ်စင်အား မီးကူးစက် လောင်ခဲ့ ပြန်သည်။


¤င်းရက်များ အတွင်း မိုးအဆက်မပြတ် ရွာသွန်း သော်လည်း မီးလောင်မှုများ ဖြစ်ပွားခဲ့ခြင်း သည် စင်စစ် ပေါ့ဆ မီး များကြောင့် ဖြစ်သည်။ ရန်ကုန်မြို့တွင် ဖြစ်ပွားမှု အများဆုံး သော မီးလောင်မှု များမှာ ပေါ့ဆမီး နှင့် လျှပ်စစ်မီး ကြောင့် ဖြစ်သည်။ သို့အတွက် ပွင့်လင်းရာသီ နှင့် နွေခေါင်ခေါင် များတွင်သာ မီးလောင်မှု အား ဂရုပြုရမည် မဟုတ်ဘဲ အချိန်မရွေး ၊ နေ့ညမရွေး ၊ ရာသီမရွေး အစဉ်အမြဲ သတိပြု ရမည့် ရန်သူတစ်ပါး ဖြစ်ကြောင်း မြို့တော်သူ ၊ မြို့တော်သား အားလုံးတို့က သတိနှင့် ယှဉ်ကာ မီးဘေး အန္တရာယ် ကင်းဝေး စေရန် သုံးစွဲကြ ရမည်သာ ဖြစ်ပါကြောင်း တင်ပြ ရေးသား လိုက်ရပါသည်။ (ဝန်းရံခ)

No comments:

Post a Comment