Pages

Wednesday, September 18, 2013

ဖိလစ်ပိုင် သူပုန်များက ရဲအရာရှိများကို ပြန်ပေးဆွဲ


မနီလာ ၊ ၁၈-၉-၂၀၁၃

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားလျက် ရှိသော ဖိလစ်ပိုင် အစိုးရတပ်ဖွဲ့ များနှင့် မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦး ( MNLF ) တို့အကြား ရက်သတ္တ တစ်ပတ်ကျော် အကြာ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေစဉ် ဖိလစ်ပိုင် သူပုန်အဖွဲ့ MNLF များသည် ဇမ်ဘ်ုအန်ဂါ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအ၀င် အခြား ရဲတပ်ဖွဲ့ဝင် လေးဦးအား စက်တင်ဘာလ ၁၇ ရက်က ပြန်ပေးဆွဲ ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူး ဟိုဆေး ချီကွီတို မာလာယို နှင့် အခြား ရဲတပ်ဖွဲ့ဝင် လေးဦးအား ပဋိပက္ခများ ဖြစ်ပွားရာ ဒေသအနီး၌ ဖိလစ်ပိုင် သူပုန် တပ်ဖွဲ့ဝင်များက ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် ထောက်၍ ခြိမ်းခြောက်ကာ ဇမ်ဘိုအန်ဂါမြို့ အပြင်ဘက်ရှိ တစ်တာဘွန် ကျွန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း နှင့် ၄င်းတို့ နောက်သို့ အစိုးရ တပ်ဖွဲ့ဝင်များ က ထပ်ကြပ်မကွာ လိုက်ပါ သွားကြောင်း အမှတ်(၇) ပြည်သူ့ ဆက်ဆံရေး တပ်ဖွဲ့ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး ဟာရိုးဒ်ကာ ဗျူနော့ က ပြောကြား ခဲ့သည်။


ဇမ်ဘိုအန်ဂါမြို့ သို့ ဖိလစ်ပိုင် သူပုန် တပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းမှုကြောင့် အစိုးရတပ်ဖွဲ့ ၀င်များနှင့် တိုက်ပွဲများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သူပုန်များ သည် ကမ်းရိုးတန်း ကျေးရွာ လေးရွာမှ ရွာသားများ (ပုံ) အား ပြန်ပေးဆွဲ ခေါ်ဆောင် သွားခဲ့ ကြကြောင်း သိရှိရသည်။

No comments:

Post a Comment